ဗီဒီယိုနှင့် ဓါတ်ပုံရိုက်ခွင့်ရရှိဖို့ ဆန္ဒပြ

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှာ မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်မယ့် ၁၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံ နဲ့ ဗီဒီယိုရိုက်ကူးခွင့်တင်ဒါကို ရန်ကုန်က ဓါတ်ပုံဆရာတွေကို ချပေးလိုက်တာကြောင့် ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယို ပညာရှင်များအသင်း ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များအသင်း ဆန္ဒပြနေစဉ် photo: RFA/ Min Thein Aung

ရခိုင်ပြည်နယ် စစ်တွေတက္ကသိုလ်မှာ မကြာခင် ရက်ပိုင်းအတွင်း ပြုလုပ်မယ့် ၁၁ ကြိမ်မြောက် ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခွင့် တင်ဒါကို ရန်ကုန်က ဓါတ်ပုံဆရာတွေကို ချပေးလိုက် တာကြောင့်  ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယို ပညာရှင်များအသင်း  ဒီနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြ ပါတယ်။

ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များအသင်း က စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် တင်ဒါအောင်ခဲ့ပေမဲ့ တင်ဒါစိစစ်ရေးအဖွဲ့က ရန်ကုန်ကအဖွဲ့ကို ခွင့်ပြုပေးလိုက်တာလို့ ရခိုင်ပြည်နယ် ဓာတ်ပုံနဲ့ ဗီဒီယို ပညာသည်များအသင်းရဲ့ နာယကဖြစ်သူ ဦးအောင်ကျော်ဝင်းက ပြောပါတယ်။

“ကျနော်တို့က ရခိုင်ပြည်နယ်က ဓာတ်ပုံနဲ့ ဗီဒီယိုပညာရှင်များ ညီညီညာညာ ညီညီညွတ်ညွတ်နဲ့ အသင်းအဖွဲ့အစည်း လုပ်ထားပြီးတော့ ၁၁ ကြိမ်မြောက် တင်ဒါပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့အခါ ကျနော်တို့က တင်ဒါမှာနိုင်ရဲ့သားနဲ့ အထက်က တင်ဒါမှာရှုံးတဲ့သူကို မျက်နှာလိုက်ပြီး ပေးလိုက်တဲ့အတွက် အဲလိုမတော်မတရား ဆုံးဖြတ်ခဲ့တာကို ကျနော်တို့က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ဆန္ဒပြရခြင်ဖြစ်ပါတယ်”

စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်အတွက် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ကူးခွင့်ကို အရင်တုန်းက ဒေသခံတွေ လုပ်ကိုင်ခွင့်ရခဲ့ကြပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ရန်ကုန်ကအဖွဲ့တွေကိုသာ ခွင့်ပြုပေးခဲ့တာလို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org