ရခိုင်ပြည်နယ်နေ့ အခမ်းအနား တိုင်းရင်းသားကျေးရွာမှာ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင် တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန် တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

ရန်ကုန်တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပစဉ် Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားဟာ ရခိုင်သားတွေရဲ့ စည်းလုံးညီညွတ်မှု၊ ရခိုင်တွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှု ကို ဖော်ထုတ်တဲ့ပွဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

အဲဒီပွဲတော်ကို ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်ကနေ ၁၈ ရက်နေ့ထိ ၂ ရက်တာ ကျင်းပမှာဖြစ်ပြီး ရခိုင်စင်တင်တေးဂီတဖျော်ဖြေပွဲတွေ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးသတ်ပြိုင်ပွဲ အပါအဝင် ရခိုင်ရိုးရာ အမှတ်တရပစ္စည်းတွေနဲ့ ရခိုင်အစားအစာတွေကိုလည်း ရောင်းချနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org