ရခိုင်ဒေသခံ ၃ ထောင်ကျော် ဗီယက်နမ်ကုမ္ပဏီကို ဆန္ဒပြ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ်ကုမ္ပဏီတစ်ခုက အကောင် အထည်ဖော်နေတဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်ကျော်လောက်က တောင် ကုတ်မြို့မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က မာဘယ်အလှ ဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းရှိရာ နေပူတောင် ကို မြင်ရစဉ်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ ဗီယက်နမ် ကုမ္ပဏီ တစ်ခုက အကောင်အထည်ဖော်နေ တဲ့ နေပူတောင် မာဘယ်လ် အလှဆင်ကျောက် ထုတ် လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ ဒေသခံ ၃ ထောင်ကျော်လောက် က တောင်ကုတ်မြို့မှာ မနေ့ က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မာဘယ်လ် ကျောက်ထုတ်လုပ်ရေး စီမံကိန်းကို ဒေသ ခံတွေရဲ့ ဆန္ဒသဘောထားမပါဘဲ အစိုးရက ခွင့်ပြုထား တဲ့ အတွက် စီမံကိန်းကို ရပ်ဆိုင်းဖို့ တောင်းဆို တာဖြစ် တယ် လို့ တောင်ကုတ်မြို့ခံ ကိုဇေယျကျော်က ပြော ပါတယ်။

တောင်ကုတ်မြို့နယ် နဲ့ အရှေ့ဘက်မိုင် ၃၀ လောက် အကွာမှာရှိတဲ့ နေပူတောင် မာဘယ်လ် အလှ ဆင်ကျောက် ထုတ်လုပ်ရေးစီမံကိန်းကို အစိုးရက ဗီယက်နမ် SIMECO ကုမ္ပဏီကို နှစ်ပေါင်း ၂၅ နှစ်အထိ ထုတ်ယူလုပ်ကိုင် ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲ့ဒီကုမ္ပဏီဟာ လွန်ခဲ့တဲ့ ၇လ လောက်ကတည်းက ကျောက်တွေကို စတင်ထုတ်ယူ နေတာ ဖြစ်ပြီး  အခု ဆန္ဒပြပွဲကို ဘူးသီးတောင်၊ စစ်တွေ၊ ကျောက်ဖြူ၊ မြောက် ဦး စတဲ့ မြို့နယ်တွေက ဒေသခံတွေလည်းပူးပေါင်း ပါဝင် ခဲ့ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org