ရခိုင်ဝန်ကြီးချုပ် ဦးညီပု ရွေးကောက်ပွဲအမှုအတွက် ငွေဒဏ် အမိန့်ချမှတ်ခံရ
ရွေးကောက်ပွဲ မဲမသမာမှုနဲ့ စွဲချက်တင်ခံထားရတဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဟာ စစ်တွေအကျဉ်းထောင် အထူးတရားရုံးကနေ ဧပြီလ ၆ ရက် ဒီနေ့ ငွေဒဏ် ငါးသောင်းကျပ်စီ အမိန့်ချခံလိုက်ရတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။
- 2022-04-06
-
-
-
ရွေးကောက်ပွဲ မဲမသမာမှုနဲ့ စွဲချက်တင်ခံထားရတဲ့ NLD အစိုးရလက်ထက်က ရခိုင်ပြည် နယ် ဝန်ကြီးချုပ် ဦးညီပုနဲ့ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့ဟာ စစ်တွေအကျဉ်း ထောင် အထူးတရားရုံးကနေ ဧပြီလ ၆ ရက် ဒီနေ့ ငွေဒဏ် ငါးသောင်းကျပ်စီ အမိန့်ချခံ လိုက်ရတယ်လို့ အမှုလိုက်ပါဆောင်ရွက်ပေးတဲ့ ရှေ့နေက ပြောပါတယ်။
ရွေးကောက်ပွဲ မဲမသမာမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၁၃၀ (က) နဲ့ မဲမသမာမှုကိစ္စရပ် တွေကို အားပေးကူညီတဲ့အမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၁၀၉ နဲ့ အမိန့်ချမှတ်ခံလိုက် ရတာလို့ တရားလွှတ်တော် ရှေ့နေ ဦးဝင်းအောင်က RFA ကို ပြောပါတယ်။
''သူတို့ နှစ်ယောက်လုံးကို ဒီကနေ့ အမိန့်ချပါတယ်။ ပုဒ်မနှစ်ခုလုံးအတွက် တစ်ယောက် ကို ငွေဒဏ် ငါးသောင်း မဆောင်ရင် ထောင် လေးလ ကျခံဖို့ အမိန့်ချတယ်။ အဲဒါကို သူတို့ ပါတီဝင်တစ်ယောက်က တရားရုံးမှာ ငွေဒဏ်သွားဆောင်လိုက်တယ်''
သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဒုတိယ ညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ပြီး တရားစွဲဆိုခဲ့တာပါ။
ဝန်ကြီးချုပ် ဦးညီပုဟာ အများပြည်သူအကျိုးကို ပျက်စီးစေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (ခ) အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ကိုးနှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံ ထားရပြီး ဦးမင်းအောင်ကတော့ ပုဒ်မ - ၅၅ အတွက် ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံထား ရသူတွေ ဖြစ်ပါတယ်။