ရခိုင်နှစ်ပါတီ ပေါင်းစည်းမှု သမိုင်းမှာ ပထမဆုံးဖြစ်

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ နဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး တစ်ပါတီတည်းထူထောင်ဖို့ သဘောတူ ဆုံးဖြတ်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဆုံးဖြစ်ရပ် တစ်ခုဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။

RNDP နှင့် ALD ပါတီတို့ ပူးပေါင်းပြီး ရခိုင်အမျိုးသားပါတီ (Arakan National Party)အဖြစ်ထူထောင်တဲ့ သဘောတူ လက်မှတ်ရေးထိုးပွဲကို ဇွန်လ ၁၇ ရက်နေ့ကကျင်းပခဲ့စဉ် photo: RFA/ Tun Myint

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီနဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့ပေါင်းပြီး တစ်ပါတီတည်းထူထောင်ဖို့ သဘောတူဆုံးဖြတ်တာဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ပထမဆုံးဖြစ်ရပ်တစ်ခုဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးအေးသာအောင်က ပြောပါတယ်။

အခုလို ပေါင်းစည်းလိုက်တာဟာ ရခိုင်ပြည်သူတွေရဲ့ ဆန္ဒအတိုင်းဖြစ်သလို၊ ဖယ်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့ဆိုတဲ့ မူဝါဒအပေါ်မှာလည်း နှစ်ပါတီ လုံးက သဘောတူညီကြတဲ့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့UNA ညီညွှတ်သော တိုင်းရင်းသားလူမျိုးများအဖွဲ့ ခေါင်းဆောင်တွေ မနေ့က တွေ့ဆုံခဲ့တာဟာ နှစ်ကာလအတော်ကြာကြာအတွင်း ပထမဆုံးပြန်တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်လို့ဦးအေးသာအောင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org