ရခိုင်ကော်မရှင်ကို အသိအမှတ် မပြုဖို့ အရေးကြီးအဆို ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးမည်

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင် ကို ပြည်နယ် လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေး မှာ အရေးကြီးအဆို တင်သွင်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ် Photo: Min Thein Aung/ RFA

မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ကို ပြည်နယ်လွှတ်တော်အနေနဲ့ အသိအမှတ်မပြုဖို့ ဒီနေ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ အရေးကြီးအဆို တင်သွင်း လိုက်ပါတယ်။

အဲဒီအဆိုကို စစ်တွေမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက အခုလိုတင်ပြခဲ့ တာဖြစ်ပါတယ်။

"ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်အပါအဝင် တိုင်းရင်းသားနိုင်ငံသားများ၏ သဘောတူညီချက်ကိုရယူလျှက် ဖွဲ့စည်းခဲ့ခြင်း မဟုတ်သည့်အတွက် ထိုကော်မရှင်၏ ဖွဲ့စည်းဖြစ်တည်မှုနဲ့ လုပ်ဆောင်ချက်များအားလုံးကို ရခိုင်ပြည်နယ်လွှတ်တော်က အသိအမှတ်မပြုသင့်ကြောင်း အရေးကြီးအဆိုကို တင်ပါတယ်"

အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ ပြည်တွင်းရေးပြဿနာကို နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ပြီး သြဇာလွှမ်း မိုးနိုင်အောင် လုပ်ပေးလိုက်ရာရောက်တယ် လို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇောဦးက လွှတ်တော် မှာ တင်ပြခဲ့ပါတယ်။

ဒါ့အပြင် ကော်မရှင်ဥက္ကဌဖြစ်တဲ့ မစ္စတာကိုဖီအာနန်ကိုယ်တိုင် အခုကတည်းက "ရိုဟင်ဂျာ"လို့ပြောဆိုသုံးနှုန်းနေ တာဟာ ပဋိပက္ခတွေကြီးထွားအောင် လုပ်ဆောင် နေရာရောက်နေတဲ့အတွက် လက်ခံနိုင်ဖွယ်ရာ လုံးဝမရှိဘူး လို့လည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးကပြောပါတယ်။

အဲဒီအဆိုကို ပေါက်တောမြို့နယ် မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသာထွန်းအောင်က ထောက် ခံဆွေးနွေးခဲ့ပြီး ကန့်ကွက်မယ့်သူ မရှိတာကြောင့် ဆက်လက်ဆွေးနွေးဖို့ လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

အဲဒီရခိုင်ကော်မရှင်ကို ပြည်တွင်းက ပညာရှင်တွေနဲ့ ပြင်ဆင်ဖွဲ့စည်းပေးဖို့ ရခိုင် အမျိုးသားပါတီ လွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြည်သူ့လွှတ်တော်မှာ အရေးကြီးအဆိုတင်သွင်းခဲ့တာကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့ လွှတ်တော်မှာ ကိုယ်စားလှယ်တွေ ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ရာမှာ ရှုံးနိမ့်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org