ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းလင်း
ရခိုင်ပြည်နယ်မှာ တပ်မတော်၊ ရဲ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်ပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက် ခဲ့ပေမယ့် အားလုံးတည်ငြိမ်တယ်လို့ မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောကြားခဲ့ပါတယ်။
-
2017-07-31 -
-
-
ရခိုင်ပြည်နယ်မှာ တပ်မတော်၊ ရဲ၊ ဌာနဆိုင်ရာတွေနဲ့ပူးပေါင်ပြီး ဒေသတည်ငြိမ်အောင် ဆောင်ရွက်ခဲ့ပေမယ့် အားလုံးတည်ငြိမ်တယ်လို့ မပြောနိုင်သေးကြောင်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဒီနေ့ ပြောကြားခဲ့ပါတယ်။
ပြည်နယ်အစိုးရရဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြည်နယ်အစိုးရအနေနဲ့ ပြီးခဲ့တဲ့တစ်နှစ်တာအတွင်း ဆောင်ရွက်ချက်တွေထဲမှာ အခြေခံအဆောက် အဦးတွေကဏ္ဍမှာ တိုးတက်မှုတွေရရှိခဲ့တာကြောင့် အားရကျေနပ်မှု ရှိခဲ့တယ်လို့လည်း ဝန်ကြီးချုပ်ဦးညီပုက ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြား စောင့်ရဲကင်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး လူပေါင်း ၅၆၀ ကျော်ကို တရားစွဲဆိုခဲ့ပြီး အဲဒီအထဲက လူ ၁၃ ဦးကို ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ကျန်တဲ့သူတွေကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့ ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။