နယ်စပ်စည်းရိုး ဖျက်ဆီးလို့ ပစ်ခတ်ခဲ့ကြောင်း မြန်မာ ပြောကြား

ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ဒေသမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ၁ဝ နှစ်ရွယ် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံတက်ရောက် ကုသနေရပါတယ်။ နယ်စပ်ခြံစည်းရိုးကို လာရောက် ဖျက်ဆီးတာကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဖျက်ဆီးထားတဲ့ ခြံစည်းရိုးတိုင်တွေကို တွေ့ရစဉ် Photo: Information Committee - facebook

ဇွန်လ ၂၈ ရက်၊ ညနေပိုင်းက ရခိုင်ပြည်နယ် မောင်တောခရိုင် တောင်ပြိုလက်ယာအနီးက ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနယ်စပ်ဒေသမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့် ၁ဝ နှစ်ရွယ် မွတ်စလင် ကလေးငယ်တစ်ဦး ဆေးရုံ တက်ရောက် ကုသနေရပါတယ်။ နယ်စပ်ခြံစည်းရိုးကို လာရောက်ဖျက်ဆီးတာကြောင့် မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ခြောက်လှန့် ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

အဲဒီနေ့ ညနေ ၃နာရီခန့်မှာ လူ ၁၂ ဦးက တောင်ပြို ချောင်းဝအနီး ရေတိုက်စားလို့ ပျက်စီးသွားတဲ့ ခြံစည်းရိုးကို ရောက်ရှိလာပြီး ယာယီသစ်သားတိုင်နဲ့ သံဆူးကြိုးတွေကို ဖျက်ဆီးနေတာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေက အော်ဟစ် မောင်းထုတ်လိုက်ပါတယ်။ သူတို့ဟာ ညနေ ၆ နာရီမှာ တစ်ကြိမ်လာရောက်ဖျက်ဆီးတယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ်လာရောက်စဉ်မှာ မောင်းထုတ်လို့မရတာကြောင့် သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရာမှာ တစ်ဦး ဒါဏ်ရာရသွားတာဖြစ်တယ်လို့ အစိုးရသတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီအတောအတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ ဘင်္ဂလာဒေ့ရ်ှ ကော်မရှင်နာမင်းကြီး Syed Muazzem Ali က ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အိန္ဒိယနဲ့ ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံလုံးရဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာတွေ ဖြစ်နေပြီလို့ ပြောဆို လိုက်ပြီး ဒေသတည်ငြိမ်ရေးအတွက် မြန်မာနိုင်ငံအနေနဲ့ အမြန်ဆုံး ပြန်လည်ခေါ်ယူပြီး သူတို့ရသင့်တဲ့ အခွင့်အရေး တွေပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ တဆက်တည်း ဒီကိစ္စအတွက် ဒေသတွင်း တခြားနိုင်ငံတွေကလည်း မြန်မာနိုင်ငံကို ဖိအားပေးကြပါလို့ ပြောဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org