ရခိုင်ညီလာခံကျင်းပရေး ချင်းမိုင်မြို့မှာ ဆွေးနွေး
ရခိုင်ပြည်နယ်က ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူမှုစီးပွားအခက် အခဲတွေကို ဖြေရှင်းနိုင်ဖို့အဖြေရှာမယ့် ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေး အကြိုညှိနှိုင်း အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပနေပါတယ်။
-
2013-12-05 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်က ပြည်သူတွေ ရင်ဆိုင်နေရတဲ့ လူမှုစီးပွားအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အဖြေရှာမယ့် ရခိုင်အမျိုးသား ညီလာခံဖြစ်မြောက်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ ဒီဇင်ဘာလ ၅ ရက်ကနေ ၇ ရက်နေ့အထိ ကျင်းပနေပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ လယ်ယာမြေပြဿနာ၊ သဘာဝသယံဇာတ ခွဲဝေသုံးစွဲရေး စတဲ့ကိစ္စတွေကို အဖွဲ့အစည်းတစ်ခုတည်းက ဖြေရှင်းလို့မရတာကြောင့် အခုလို ကြိုတင်ပြင်ဆင်နေတာဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေးဆွေးနွေးပွဲကို တက်ရောက်မယ့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ အတွင်းရေးမှူး ဦးဦးလှစောက ပြောပါတယ်။
“ရခိုင်ပြည်မှာ အခုဘင်္ဂါလီပြဿနာပေါ့လေ၊ တရားမဝင်လာတဲ့ကိစ္စတွေ၊ နောက်လယ်သိမ်း မြေသိမ်းကိစ္စ၊ နောက်ရခိုင်ပြည်မှာ တရုတ်ကလာပြီးတော့ စီမံကိန်း အကြီးအကျယ်လုပ်တယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ ရခိုင်ပြည်သူတွေရဲ့ ခံစားမယ့်ကိစ္စ၊ အဲဒါကတော့ ကျနော်တို့ ဖွဲ့စည်းပုံနဲ့လည်း ဆိုင်သွားလိမ့်မယ်လို့ သယံဇာတ အရင်းအမြစ် ခွဲဝေမှုကိစ္စ၊ အာဏာခွဲဝေမှုကိစ္စ အဲဒါတွေအကုန်လုံးက ရခိုင်ပြည်သူတွေအတွက် အနာဂါတ်တစ်ခု တည်ဆောက်ရေးမှာ စိန်ခေါ်မှုတွေပဲ၊ အဲဒါကို နိုင်ငံရေးပါတီတစ်ခုတည်းက ဖြေရှင်းလို့မရဘူး၊ နိုင်ငံရေးပါတီအကုန်လုံး ရခိုင်ပြည်နယ်တစ်ရပ်လုံးရဲ့ သဘောထားကို ကျနော်တို့ရယူပြီးမှ အနာဂါတ်ကို ရင်ဆိုင်သွားဖို့ဆိုတဲ့ ရည်မှန်းချက်နဲ့လုပ်တာပါ”
ထိုင်းနိုင်ငံ ချင်းမိုင်မြို့က ဆွေးနွေးပွဲကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ALD၊ ရခိုင်ကျောင်းသားလူငယ်များ အစည်းအရုံး၊ ရခိုင်လွတ်မြောက်ရေးပါတီ ALP၊ ရခိုင့်တပ်မတော် AA စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်လူမှုအဖွဲ့အစည်းတွေ တက်ရောက်နေပါတယ်။ ရခိုင်အမျိုးသားညီလာခံကို ၂၀၁၄ နှစ်လယ်လောက်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။
အဲ့ဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP အတွင်းရေးမှူး ဦးဦးလှစောကို RFA သတင်းထောက် မဇင်မာဝင်းက ဆက်သွယ်မေးမြန်းထားပါတယ်။