နယ်စပ်ခြံစည်းရိုး ၁၅၃ မိုင်ကျော် ကာရံထား

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး မိုင်ပေါင်း ၁၅၃ မိုင်ကျော် ကာရံထားတယ် လို့ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒီနေ့ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးမှာ လုံခြုံရေးယူနေတဲ့ ရဲသားတစ်ဦးကို တွေ့ရစဉ် Photo: Htet Arkar/RFA

မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်ခြံစည်းရိုး မိုင်ပေါင်း ၁၅၃ မိုင်ကျော် ကာရံထားတယ်လို့ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီးက ဒီနေ့ ပြောကြားခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက နယ်စပ်ခြံစည်းရိုးကာရံနေမှု အခြေအနေကို ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

နယ်စပ်ခြံစည်းရိုး မိုင် ၁၈၀ ကျော်ကာရံရမှာဖြစ်ပြီး၂၀၀၉- ၂၀၁၀ ဘဏ္ဍာနှစ်ကနေ ဒီဘဏ္ဍာနှစ်အထိ မိုင် ၁၅၀ ကျော်ကာရံပြီးတာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ်၊ သြဂုတ်လ တိုက်ခိုက်မှုအပြီး ပျက်စီးသွားတဲ့ ရေထွက်ပေါက်၊ သံဇကာပေါက်ပျက်စီးတာတွေကိုလည်း စစ်ဆေးပြင်ဆင် ဆောင်ရွက်နေတယ်လို့လည်း ပြောခဲ့ပါတယ်။

မြေပြင်အနေအထားအရ လိုအပ်တဲ့ရေထွက်ပေါက်တွေကို နေရာသတ်မှတ်ပြီး ရေထွက်ပေါက် ၇၀ တည်ဆောက်ဖို့ လျာထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org