လူမျိုးရေး အကြမ်းဖက်မှုတွေက ဒီမိုကရေစီရေးကို စိမ်ခေါ်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲရေးအစီအစဉ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ အကြားပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးတွေက လုံးဝမမျှော်လင့်ထားတဲ့ စိမ်ခေါ်မှုကြီးတွေအဖြစ်နဲ့ အနှောက်အယှက်ကြီးစွာ ဖြစ်စေခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဟြေကြား လိုက်ပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားစဉ် Photo:Ministry Of Foreign Affairs

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ပြောင်း လဲရေးအစီအစဉ်မှာ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေအကြားပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုကြီးတွေက လုံးဝမမျှော်လင့်ထားတဲ့ စိမ်ခေါ်မှုကြီးတွေအဖြစ်နဲ့ အနှောင့်အယှက်ကြီး စွာ ဖြစ်စေခဲ့တယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဟြေကြားလိုက်ပါတယ်။

ကုလသမဂ္ဂညီလာခံ တက်ရောက်နေတဲ့ ဦးဝဏ္ဏမောင်လွင် က AP သတင်းဌာနဲ့ တွေ့ဆုံပြော ကြားရာမှာ မြန်မာနိုင်ငံဟာ စစ်အစိုးရအုပ်ချုပ်မှုကနေ ဒီမိုကရေစီလမ်းမပေါ် ပြောင်းလဲလျှောက်လှမ်းနေ တာဟာ အစီအစဉ်မပျက်ရှိနေကြောင်းပြောသွား ပါတယ်။ ဒါ့အပြင်လာမယ့်နှစ် ၂၀၁၅ ရွေးကောက်ပွဲ ဟာ လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက် ပွဲဖြစ်မယ်လို့ ပြောသွားပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ခွင့် ရှိမှာလားဆိုတာကိုတော့ ဖြေကြားမသွားဘူးလို့ဆိုပါတယ်။

ရခိုင်ပြည်နယ်က မွတ်စလင်တွေအရေးနဲ့ပတ်သက်ပြီး စိစစ်မှုတွေလုပ်ကိုင်နေကြောင်း၊ ရိုဟင်ဂျာတွေကို လူမျိုးစုတစ်ခုအနေနဲ့ အစိုးရက လက်ခံအသိအမှတ်မပြုကြောင်း၊ ၁၉၈၂ ခု နိုင်ငံသားပြုမှု ဥပဒေနဲ့ မကိုက်ညီသူတွေကို ဘယ်လိုစီမံရမယ်ဆိုတာကို အစိုးရအနေနဲ့ စဉ်စားနေဆဲ ဖြစ်ကြောင်းလည်း ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဟြေကြားသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org