လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းရန် အမေရိကန်ထောက်ခံမှု ကုလ အထူးသံ ကြိုဆို
မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်ရင် War Crimes လို့ခေါ်တဲ့ စစ်ရာဇဝတ်မှုနဲ့ Crime Against Humanity လို့ခေါ်တဲ့ လူသားဖြစ်တည်ခွင့်ကို ဆန့်ကျင်တဲ့ရာဇဝတ်မှု ချိုးဖောက်တဲ့အဆင့် ရောက်နေတာ တွေ့နေရပြီမို့ ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင်ဝင်ရောက် စစ်ဆေးသင့်ပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်စ် ကင်တားနား အဆိုပြုထားတာကို အမေရိကန်အစိုးရက ထောက်ခံကြောင်း သြဂုတ်လ ၁၇ နေ့က ကြေညာလိုက်ပါတယ်။
-
2010-08-19 -
-
-
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) က မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်အဖြစ် မစ္စတာ တောမတ်စ် အိုဂျီးယား ကင်တားနား (ဝဲ) အား တာဝန်ပေးအပ်ထားပါသည်။ (UN Photo/ Eskinder Debebe)
UN Photo/Eskinder Debebe
Your browser doesn’t support HTML5 audio
မစ္စတာ ကင်တားနားက အမေရိကန် အစိုးရအနေနဲ့ အဲဒီလို ထောက်ခံလိုက်တာကို ကြိုဆိုလိုက်ပါတယ်။ လာမဲ့ အောက်တိုဘာမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ကျင်းပမဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေကို အစီရင်ခံစာတင်မယ်လို့လည်း ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မစ္စတာ ကင်တားနားကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ဆက်သြယ်မေးူမန်းခဵက် |
|
အသံဖိုင်ယူရန် |