နိုင်ငံရေး အကျဉ်းသားကိစ္စ မြန်မာအစိုးရ အလေးအနက်မထားဟု ဝေဖန်

လွတ်ငြိမ်းချမ်းသာခွင့်အမိန့်မှာ ထင်ရှားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခြင်းမရှိတာဟာ နိုင်ငံရေး အကျဉ်းသားကိစ္စကို မြန်မာအစိုးရက အလေးအနက် မထားဘူးဆိုတာ ပြသရာရောက်နေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်ရေး အထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် ကင်တားနား။ (Photo: RFA) Photo: RFA

လွတ်လပ်ရေးနေ့အချိန်ကာလနဲ့တိုက်ဆိုင်ပြီး ထုတ်ပြန်ကြေညာခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အရ လျှော့ရက်နဲ့ လွှတ်ပေးလိုက်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Mr. Tomas Quintana က အခုလို ပြောကြားလိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေကိစ္စမှာ သမ္မတ ဦးသိန်းစိန်က အခုလို ဆုံးဖြတ်လိုက်တာဟာ မြန်မာအစိုးရအနေနဲ့ နိုင်ငံတကာဆက်ဆံရေးမှာ အဆင်မပြေတာတွေကို ချောမွေ့စေရုံသက်သက် ဆောင်ရွက်ချက်မျိုးသာဖြစ်နေပါတယ်လို့လည်း Mr. Quintana က ပြောသွားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားတာဟာ နိုင်ငံတကာ လူ့အခွင့်အရေး ပဋိညာဉ်စာချူပ် ဥပဒေတွေမှာပါတဲ့ အခွင့်အရေးတွေကို ဆက်ချိုးဖောက်နေတာပဲဖြစ်တယ်ဆိုတဲ့အချက်ကို မြန်မာအစိုးရအနေနဲ့ နားလည် သဘောပေါက်ပုံမရဘူးလို့လည်း မစ္စတာကင်တားနားက ပြောပါတယ်။

အစီအစဉ်နားထောင်ရန်
အသံဖိုင်ယူရန်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org