ပြင်ဦးလွင်မြို့ ပေါက်ကွဲမှုကြောင့် လူ ၃ ဦးဒဏ်ရာရ
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင် အားကစားကွင်း မြောက်ဘက်အနီး၊ မန္တလေး-လားရှိုး ကားလမ်းမပေါ်ရပ်ထားတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးမှာ ဒီကနေ့ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
-
2013-06-30 -
-
-
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၁)၊ ပြင်ဦးလွင် အားကစားကွင်း မြောက်ဘက်အနီး၊ မန္တလေး-လားရှိုး ကားလမ်းမပေါ်ရပ်ထားတဲ့ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်တစ်စီးမှာ ဒီကနေ့ မွန်းလွဲ (၁)နာရီခွဲ ဝန်းကျင်က ပေါက်ကွဲမှုဖြစ်ပွားခဲ့တာကြောင့် လူ (၃) ဦး ဒဏ်ရာရရှိခဲ့ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။
ဒီပေါက်ကွဲမှုကို မျက်မြင်တွေ့ခဲ့ရတဲ့ ပြင်ဦးလွင်မြို့ခံတစ်ဦးက သူတွေ့မြင်တာတွေနဲ့ ပတ်သက်ပြီး RFA ကို အခုလို ပြောပါတယ်။
" ၁ နာရီ မိနစ် ၂၀ ပတ်ဝန်းကျင်လောက်မှာ အဲ့ရပ်ထားတဲ့ဆိုင်ကယ်ကနေ ရုတ်တရတ်ပေါက်ကွဲမှုဖြစ်တယ်၊ ဗုံးပေါက်ကွဲတယ်လို့ယူဆလို့လည်းရပါတယ်၊ လူသေဆုံးမှုတော့မရှိဘူး ဆိုင်ကယ်ကတော့ ပျက်စီးသွားတယ် ၃ ဦး ထိခိုက်မှုရှိတယ်၊ တပ်မတော် နည်းပညာတက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသားတစ်ယောက်ရယ်၊ နည်းပညာတက္ကသိုလ်က တပ်ကြပ်ကြီးတစ်ယောက်ရယ်၊ မြို့နယ်အားကစားကွင်းဈေဆိုင်မှာ ညအကူလုပ်တဲ့ မိန်းမတစ်ယောက်ရယ် သူတို့တွေကတော့ ထိခိုက်မှုရှိတယ်"
ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မော်တော်ဆိုင်ကယ်ရဲ့ ပိုင်ရှင် ဘယ်သူ ဘယ်ဝါဆိုတာ မသိရသေးတာကြောင့် ဒေသဆိုင်ရာ အာဏာပိုင်တွေဘက်က ပြင်ဦးလွင်မြို့မှာ လူစိမ်း အဝင်၊ အထွက်ကို စုံစမ်းစစ်ဆေး နေတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားတဲ့ တပ်မတော်နည်းပညာတက္ကသိုလ်က ကျောင်းသားတစ်ဦးနဲ့ တပ်ကြပ်ကြီး တစ်ဦးဟာ တပ်မတော်စစ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေသလို၊ အားကစားကွင်းအနီးက ဈေးဆိုင်မှာ ဈေးကူ ရောင်းတဲ့ အမျိုးသမီးတစ်ဦးလည်း ပြင်ပ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။