စစ်အာဏာသိမ်းနှစ်နှစ်ပြည့် တောင်ကိုရီးယားမှာ ချီတက်ဆန္ဒပြ

ဒီဆန္ဒပြပွဲကို စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ကြီးမှူးကျင်းပတာဖြစ်ပြီး တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ တောင်ကိုရီးယားနိုင်ငံသား ၃ဝဝ ကျော် ပါဝင်ခဲ့ကြပါတယ်။

၂ဝ၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တွင် စစ်အာဏာသိမ်းနှစ်နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြကြစဉ်။ Yan Naing Tun/Facebook

စစ်အာဏာသိမ်းမှု နှစ်နှစ်ပြည့် ဆန္ဒပြ ချီတက်လမ်းလျှောက်ပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကို တောင်ကိုရီးယားရောက် မြန်မာတွေနဲ့ တောင်ကိုရီးယားနိုင်ငံသား ၃ဝဝ ကျော် ပါဝင်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ (ကိုရီးယား)က ကြီးမှူးကျင်းပတာဖြစ်ပြီး မြန်မာအဖွဲ့အစည်း ၁၂ ဖွဲ့နဲ့ တောင်ကိုရီးယားက အဖွဲ့အစည်းတွေ ပူးပေါင်းပါဝင်ကြပါတယ်။

Photo: yan Naing Tun/Facebook

ဆိုးလ်မြို့မှာရှိတဲ့ မြန်မာစစ်သံရုံးရှေ့မှာ မွန်းတည့် ၁၂ နာရီမှာ စတင်ဆန္ဒပြပြီး အဲဒီနောက် မြန်မာသံရုံးကို ဆက်လက်ချီတက်ဆန္ဒပြကြပါတယ်။ သံရုံးရှေ့မှာ မွန်းလွဲ သုံးနာရီခွဲအထိ စုဝေးဆန္ဒပြကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီ ကျဆုံးတဲ့အထိ မဆုတ်မနစ် တိုက်ပွဲဝင်မယ့်အကြောင်း၊ တောင်ကိုရီးယားမှာ မြန်မာစစ်သံရုံး ရှိနေတာ လုံးဝလက်မခံကြောင်း၊ NUG, CRPH, PDF တို့ကို အပြည့်အဝ ထောက်ခံ ထောက်ပံ့သွားမယ့်အကြောင်း ဆန္ဒပြသူတွေက ကိုရီးယား-မြန်မာ နှစ်ဘာသာနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

Photo: Yan Naing Tun/Facebook

ဆန္ဒပြပွဲမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနဲ့ မြန်မာအဖွဲ့အစည်းခေါင်းဆောင်တွေ ကိုရီးယားအဖွဲ့အစည်းခေါင်းဆောင်တွေက မိန့်ခွန်းပြောကြားကြပါတယ်။ ဆန္ဒပြရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေက ကဗျာ၊ သီချင်း၊ သံချပ်၊ ကြွေးကြော်တွေနဲ့ စစ်တပ်ကို ဆန့်ကျင်ရှုတ်ချပြီး စစ်တပ်က အိမ်တွေကို မီးရှို့ဖျက်ဆီးတဲ့ ဓာတ်ပုံတွေကိုလည်း ခင်းကျင်းပြသခဲ့ကြပါတယ်။

Photo: Yan Naing Tun/Facebook

အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း နယူးယောက်မြို့က Times Square မှာ မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာသိမ်းနှစ်နှစ်ပြည့် ဆန့်ကျင်ဆန္ဒပြပွဲကို ဇန်နဝါရီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အနောက်ခြမ်း ဆန်ဖရန်စ္စကိုမှာလည်း ဇန်နဝါရီလ ၂၈ ရက်နေ့ မနက် ၁၀ နာရီက ရန်ပုံငွေ ဈေးရောင်းပွဲကျင်းပပြီး မွန်းလွဲ ၁ နာရီမှာ “နေသာတဲ့နေ့” နွေဦးတော်လှန်ရေး တေးပြဇာတ်ပြသခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org