မကွေးမြို့ဒေသခံတွေ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းရေးတောင်းဆို

မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို မကွေးမြို့မှာ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

မကွေးမြို့မှာ ဒေသခံတွေ စုပေါင်းပြီး မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ စတေကာ လှုပ်ရှားမှုကို ၂၀၁၉၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ပြုလုပ်စဉ် ဓါတ်ပုံ - ဇော်တူး/ RFA

မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ဖျက်သိမ်းပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို မကွေးမြို့မှာ ဒေသခံတွေ စုပေါင်းပြီး ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။

ဧရာဝတီမြစ်ဟာ မြန်မာနိုင်ငံအတွက် အရေးကြီးသလို မြစ်ကြောင်းတစ်လျှောက် နေထိုင်သူတွေရဲ့ အသက်သွေးကြောဖြစ်တာကြောင့် ပြည်သူတွေရဲ့ ဆန္ဒတွေကို အစိုးရတာဝန်ရှိသူတွေ သိရှိနိုင်ဖို့ လှုပ်ရှားမှုဆောင်ရွက်တာလို့ မြစ်ကွေ့ဧရာ လူမှုအဖွဲ့အစည်းက ဦးခင်မောင်ကြည်က ပြောပါတယ်။

ဒီနေ့ကျင်းပတဲ့ စတေကာ လှုပ်ရှားမှုမှာ မကွေးတိုင်းအခြေစိုက် လူမှုအဖွဲ့အစည်းတွေနဲ့အတူ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသာ အစိုးရ ဖွဲ့ခွင့်ရရင် မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်ပြီး ချုပ်ဆိုထားတဲ့ စာချုပ်ကို အများပြည်သူ ကြည့်ရှုနိုင်အောင် ချပြသွားမယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီနေ့အချိန်ထိ စာချုပ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ထုတ်ပြန်မှု မရှိသေးတာကြောင့် မြစ်စုံစီမံကိန်း ပြန်လည်စတင်မှာကို စိုးရိမ်မှုတွေရှိနေတာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောကြပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုဇော်တူး ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org