ငြိမ်းချမ်းရေးအတွက် စစ်ခေါင်းဆောင်တွေကို တွန်းအားပေးသွားမယ်လို့ စင်္ကာပူဝန်ကြီးချုပ် ပြော

အင်ဒိုနီးရှား၊ အခြားအာဆီယံ နိုင်ငံတွေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး အကောင်အထည်ဖော်အောင် တွန်းအားပေးသွားမယ်လို့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောလိုက်ပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်း (ညာ) နှင့် အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို (ဘယ်) အား ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့က စင်္ကာပူရှိ Istana တွင် တွေ့ရစဉ်။ EDGAR SU / POOL / AFP

စင်္ကာပူနိုင်ငံဟာ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှား၊ အခြားအာဆီယံ နိုင်ငံတွေနဲ့ ကုလသမဂ္ဂလို မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး မြန်မာစစ်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေး အကောင်အထည်ဖော် ဆောင်ရွက်လာအောင် တွန်းအားပေးသွားမယ်လို့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက ပြောလိုက်ပါတယ်။

စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းဟာ ဒီနေ့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ဆုံပြီးတဲ့နောက် ခုလို ပြောလိုက်တာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက ပဋိပက္ခ တိုက်ခိုက်မှုတွေနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပွားနေတဲ့ အခြေအနေကနေ ငြိမ်းချမ်းရေးရဖို့ အာဆီယံနဲ့ ရထားတဲ့ ဘုံသဘောတူညီချက် ငါးရပ်မှာပါတဲ့ လုပ်ငန်းစဉ်တွေ အောင်မြင်မှု မရသေးတာအတွက် အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ နောင်တရကြောင်း မစ္စတာ လီရှန်လွန်းက ပြောပါတယ်။

စင်္ကာပူဟာ အင်ဒိုနီးရှားနဲ့ အခြား အာဆီယံ နိုင်ငံတွေအပြင်၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး အာဆီယံ ဘုံသဘောတူညီချက်ပါ အချက်တွေ အကောင်အထည်ပေါ်လာအောင် ဆက်ပြီးကြိုးပမ်းသွားမယ်လို့ မစ္စတာ လီရှန်လွန်းက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org