ရေလုပ်သား လူကုန်ကူးမှု လွတ်ကင်းရေး ရေးမြို့ မှာ ဆွေးနွေး

မွန်ပြည်နယ် ရေးမြို့နယ်က ရေလုပ် ငန်းတွေမှာ လူကုန်ကူးခံရတာတွေများ တာကြောင့် ရေလုပ်သားတွေကို ပွဲစားတွေ ဆီကနေ ခေါ်ယူတာတွေမလုပ်ဘဲ တရားဝင်အလုပ် သမားခေါ်ယူတဲ့ အေဂျင်စီ တွေကနေ ခန့်အပ်နိုင်ရေး အတွက် ရေလုပ်သားတွေ၊ ရေလုပ်ငန်းရှင်တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေက ဒီနေ့ ဆွေးနွေးကြပါတယ်။

ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ ငါးဖမ်းစက်လှေတစ်စင်းကို တွေ့ရစဉ် Photo: Kyaw Lwin Oo/RFA

မွန်ပြည်နယ် ရေးမြို့နယ်က ရေလုပ်ငန်းတွေမှာ လူကုန်ကူးခံရတာတွေများတာကြောင့် ရေလုပ်သားတွေကို ပွဲစားတွေဆီကနေ ခေါ်ယူတာတွေမလုပ်ဘဲ တရားဝင်အလုပ်သမားခေါ်ယူတဲ့ အေဂျင်စီတွေကနေ ခန့်အပ်နိုင်ရေး အတွက် ရေလုပ်သားတွေ၊ ရေလုပ်ငန်းရှင်တွေနဲ့ အစိုးရဌာနဆိုင်ရာတွေက ဒီနေ့ ဆွေးနွေးကြပါတယ်။

ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးမှာ ဌာနဆိုင်ရာတွေ၊ အရပ်ဖက်အဖွဲ့တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ ရေလုပ် သားတွေနဲ့ ရေလုပ်ငန်းရှင်တွေတက်ရောက် တဲ့ ရေလုပ်ငန်းရှင်တွေနဲ့ ရေလုပ်သားတွေကြား ပြဿနာတွေ ညှိနှိုင်းဖြေရှင်းပွဲမှာ ဆွေးနွေးကြတာဖြစ်တယ်လို့ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ကိုအောင်နိုင်ဝင်း က ပြောပါတယ်။

"အခုလိုပွဲစားတွေနဲ့ ရှာမယ့်အစား၊ ပြည်တွင်းအလုပ်ကိုင်ရှာဖွေရေးအေဂျင်စီတွေ တရားဝင် ဖွဲ့စည်းပြီး ရှာဖွေဖို့၊ နောက်လစာတွေ တိုးတက်ကောင်းမွန်အောင်ပေး မယ်၊ လုပ်သားတွေရှာသမျှ လစာတွေကို တိတိကျကျဖော်ပြမယ်၊ လုပ်သားတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေ သေချာမှတ်တမ်းတင်ပြီးမှ အလုပ်သမား ကတ်တွေ၊ ရေလုပ်သားကတ်တွေ၊ တိတိကျကျလုပ်ပြီးမှ ခေါ်ယူဖို့ပါ"

ရေးမြို့နယ်ဟာ မွန်ပြည်နယ်မှာ ရေလုပ်ငန်း အများဆုံးလုပ်ကိုင်တဲ့နေရာဖြစ်ပြီး ရေလုပ်သား လိုအပ်ချက် အများဆုံးနေရာလည်း ဖြစ်ပါတယ်။

ရေလုပ်ငန်းရှင်တွေဟာ လုပ်သားရှားပါးတာကြောင့် ပွဲစားတွေဆီကနေ လုပ်သားတွေ ခေါ်ယူရတာကြောင့် လူကုန်ကူးမှုပြဿနာတွေ ဖြစ်ပွားနေပါတယ်။

ပွဲစားတွေဆီကနေ လူကုန်ကူးခံရတဲ့သူတွေဟာ ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေပေါ်မှာ ညှဉ်းပန်းနှိပ်စက် တာတွေခံရတယ်လို့ လူကုန်ကူးခံခဲ့ရတဲ့ ရေလုပ် သားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရေးမြိုနယ်ကနေ လူကုန်ကူးခံရတဲ့ ရေလုပ်သား ၁၁ယောက်က မြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင် ကြားထားသလို ရေလုပ်သားအဖြစ် လူကုန်ကူး ခံရတဲ့ ပြည်မြို့နယ်က ဒေသခံ ၄၀ ကျော် ကိုလည်း ရေးမြို့နယ် ရဲတပ်ဖွဲ့က မိသားစုတွေထံ ပြီးခဲ့တဲ့လပိုင်းတွေက ပြန်လည် အပ်နှံနိုင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org