လွှတ်တော်ရဲ့ ဖွံ့ဖြိုးရေးအစီအစဉ် အခြေခံဥပဒေနဲ့ ဆန့်ကျင်နိုင်ကြောင်း သမ္မတထောက်ပြ
ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေထဲ က ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြို့နယ် တစ်မြို့နယ်ကို သိန်းတစ်ထောင်စီ သုံးစွဲခွင့်ပြုထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတ က ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
-
2013-12-06 -
-
-
Your browser doesn’t support HTML5 audio
ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေထဲက ဒေသဖံ့ွဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ မြို့နယ်တစ်မြို့နယ်ကို သိန်းတစ်ထောင်စီ သုံးစွဲခွင့်ပြုထားတဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်ကို သဝဏ်လွှာပေးပို့ခဲ့ပါတယ်၊
ဒီသဝဏ်လွှာထဲမှာ ဒီလုပ်ငန်းတွေဟာ ဖွဲ့စည်းပုံအခြေခံနဲ့ မကိုက်ညီတာမျိူးတွေ ဖြစ်သွားနိုင်တယ်ဆိုတဲ့ ထောက်ပြချက်တွေပါဝင်တယ်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဌ ဦးတီခွန်မြတ်က RFA ကိုပြောပါတယ်။
“သဝဏ်လွှာပေးပို့တာပါ၊ သမ္မတကတော့ ဒါက အစိုးရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းဖြစ်တယ်၊ လွှတ်တော်ကတော့ ဒါတွေက စဉ်းစားဖို့သင့်တယ်ပေါ့၊ လွှတ်တော်က မလုပ်သင့်ဘူးဆိုတဲ့ သဘောမျိုးပါပဲ၊ ဆိုလိုတာက ဒါတွေကိုဂရုစိုက်ဖို့၊ ဂရုစိုက်ပြီးဆောင်ရွက်ဖို့၊ ဒါတွေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီဘူး ဖြစ်သွားနိုင်တယ်၊ ရှုပ်လာနိုင်တယ်ပေါ့လေ”
ဒီသဝဏ်လွှာနဲ့ ပတ်သက်လို့ လွှတ်တော်ထဲက ကော်မတီအဖွဲ့တချို့ ပြန်လည်သုံးသပ်ဆွေးနွေးတာတွေလည်း လုပ်ခဲ့တယ်လို့ ဦးတီခွန်မြတ်က ပြောပါတယ်။ သူတို့အနေနဲ့တော့ ဒီလုပ်ငန်းတွေဟာ တိုင်းပြည်အကျိူးအတွက်ဖြစ်ပြီး ဖွဲ့စည်းပုံနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်းကိုလည်း ပြန်လည်ရှင်းပြဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။
နိုင်ငံတဝှမ်းက မြို့နယ်ပေါင်း ၃၃၀ အတွက် ဒေသဆိုင်ရာ ဖွံဖြိုးရေးလုပ်ငန်းတွေလုပ်ဖို့ ပြည်ထောင်စုလွှတ်တော်က ငွေကျပ်သိန်း ၁ ထောင်စီသုံးစွဲခွင့်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုပေးပို့တဲ့ သမ္မတရဲ့သဝဏ်လွှာနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးတီခွန်မြတ် ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။