အာဇာနည်နေ့ကျင်းပရေး ဒု သမ္မတ တာဝန်ယူ

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာ နည်နေ့မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီ ယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေး မှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ဇူလိုင်လ ၉ ရက်နေ့က အာဇာနည် ဂူဗိမာန်ကို သွားရောက် စစ်ဆေးနေစဉ် Photo: Myanmar President Office

လာမယ့် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ၆၉ နှစ်မြောက် အာဇာနည်နေ့မှာ အာဇာနည် ခေါင်းဆောင်တွေ ကျဆုံးခဲ့တဲ့ မနက် ၁၀ နာရီ ၃၇ မိနစ်မှာ အစိုးရပိုင်မီဒီယာဖြစ်တဲ့ မြန်မာ့အသံကနေ ဥသြဆွဲပြီး အချက်ပေးမှာဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဦးဆောင်စီစဉ်နေတာဖြစ်ပြီး ဒီနေ့ အာဇာနည် ဂူဗိမာန်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။

ဒါ့အပြင် အာဇာနည်နေ့မှာ အများပြည်သူလေ့လာနိုင်အောင် ဖွင့်လှစ်ဖို့ ပြင်ဆင်ထားတဲ့ နတ်မောက် လမ်းက ဗိုလ်ချုပ်ပြတိုက် နဲ့ ဝန်ကြီးများရုံးတို့ကိုလည်း ဒုတိယသမ္မတ ဦးမြင့်ဆွေနဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့လှည့်လည်စစ်ဆေးခဲ့ကြပါတယ်။

၆၉ နှစ်မြောက် အာဇာနည်နေ့မှာ စစ်ဝတ်စုံဝတ်ထားတဲ့ ကလေးငယ် ၆၉ ယောက်နဲ့ တိုင်းရင်းသား ရိုးရာဝတ်စုံ ဝတ်ဆင်ထားတဲ့ ကလေးငယ် ၂၁ ဦးဟာ ရန်ကုန်မြို့အာဇာနည်ဗိမာန်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို တက်ရောက်အလေးပြုကြမှာဖြစ်ပါတယ်။

အကြိုပြင်ဆင်တဲ့အနေနဲ့ ဒီနေ့ ရန်ကုန်မြို့ကန်တော်ကြီးပတ်လမ်းက ဗိုလ်ချုပ်ပန်းခြံရှေ့က ဗိုလ်ချုပ် ကြေးရုပ်ကို သွားရောက်အလေးပြုခဲ့ကြတယ်လို့ စီစဉ်သူ ဗိုလ်ကြီးဟောင်းနေမျိုးဇင် က ပြောပါတယ်။

"လာမယ့် ၆၉ နှစ်မြောက်အာဇာနည်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းဝတ်တဲ့ စစ်ဝတ်စုံဝတ်၊ ၆ နှစ်မှ ၉ နှစ်အရွယ် ကလေး ၆၉ ယောက်ရယ်၊ တိုင်းရင်းသားဝတ်စုံဝတ်တဲ့ သားသား၊ မီးမီး ၂၁ ယောက်ရယ်၊ အာဇာနည်နေ့ဗိမာန်ကို ဇူလိုင် ၁၉ မနက်မှာ တက်ရောက်အလေးပြုဖို့စီစဉ်နေပါတယ်၊ အဲ့အတွက် အခုတည်းက ကလေးတွေကိုဝတ်စုံပြည့်လေ့ကျင့်ရင်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်တွေအကြောင်း သူတို့တွေ စိတ်ပါဝင်စားစွာနဲ့ သူတို့ကိုယ်တိုင်လေးလေးစားစား အလေးပြုရအောင် အကြိုပြင်ဆင်လေ့ကျင့်ပေးတာဖြစ်ပါတယ်"

အဲဒီလိုချီတက်ရာမှာ ရွှေညဝါဆရာတော်၊ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့လည်း ပါဝင်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org