ပီအာစနစ် ကျင့်သုံးရေး ခုံရုံးရဲ့ အဆုံးအဖြတ်ရယူမည်

လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာ ( ခေါ်) အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ရယူသွားမယ် လို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက စုပေါင်း လက်မှတ်တွေ ကောက်ယူနေပါတယ်။

လာမယ့်ရွေးကောက်ပွဲတွေအတွက် ပီအာ ( ခေါ်) အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးဖို့ အမျိုးသားလွှတ်တော်က ဆုံးဖြတ်ခဲ့တာကို ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ရယူသွားမယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်တွေက စုပေါင်းလက်မှတ်တွေကောက်ယူနေပါတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်နှုန်းက လက်မှတ်ထိုးတင်ပြရင် ခုံရုံးက အဆုံးအဖြတ်ပေးရမှာ ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

အဲ့ဒီလက်မှတ်တွေကို အမျိုးသားလွှတ်တော်ဥက္ကဌက တဆင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးဆီ တင်ပြရ မှာဖြစ်ပြီး ခုံရုံးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီမှုရှိ မရှိကို ဆုံးဖြတ်ချက် ရယူသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာလည်း ပီအာစနစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီဘူးဆိုပြီး ခုံရုံးက ဆုံးဖြတ်လိုက်တာကြောင့် အရင်ကျင့်သုံးခဲ့တဲ့ FPTP နိုင်သူအကုန်ယူ စနစ်ကိုသာ ဆက်လက်ကျင့်သုံးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အမျိုးသားလွှတ်တော်ကတော့ ပီအာစနစ် ကျင့်သုံးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီကြောင်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org