မြန်မာနိုင်ငံက ဆေးကုသခွင့်မရသူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဆုတောင်း

အဲဒီနေရာတွေမှာ အခြေခံလူ့အခွင့်အရေးတွေ နေ့တိုင်းချိုးဖောက်ခံနေရတာ သည်းမခံနိုင်တဲ့အကြောင်း မိန့်တယ်လို့ Vatican News က ဖော်ပြပါတယ်။

၂ဝ၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်။ Photo: Reuters

ကမ္ဘာတစ်ဝန်းက ဆေးဝါးကုသခွင့်မရသူတွေ အထူးသဖြင့် ပါလက်စတိုင်း၊ အစ္စရေးနဲ့ မြန်မာနိုင်ငံက ဆေးဝါးကုသခွင့် မရသူတွေအတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စိန့်ပီတာရင်ပြင်ကနေ ဆုတောင်းလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက်မှာ ကျရောက်တဲ့ ၃၂ ကြိမ်မြောက် ကမ္ဘာ့နာမကျန်းနေ့မှာ ဆုတောင်းလိုက်တာဖြစ်ပြီး အလွန်အမင်းဆင်းဆင်းရဲရဲ နေထိုင်နေရသူတွေကိုသာမက စစ်ဖြစ်ပွားနေတဲ့နေရာတွေကိုလည်း စဉ်းစားမိတယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက ဆိုပါတယ်။

အဲဒီနေရာတွေမှာ အခြေခံလူ့အခွင့်အရေးတွေ နေ့တိုင်းချိုးဖောက်ခံနေရတာ သည်းမခံနိုင်တဲ့အကြောင်း မိန့်တယ်လို့ Vatican News က ဖော်ပြပါတယ်။

ဒီနေ့ ကမ္ဘာမှာ လူအတော်များများ ဆေးဝါးကုသခွင့်မရတဲ့အတွက် အသက်ရှင်သန်ခွင့်ကို ငြင်းပယ်ခံရတာဖြစ်တယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org