တိုက်ပွဲတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်က ဒုက္ခသည်နှစ်ထောင် အခက်အခဲကြုံတွေ့နေရ

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဆင်သေရွာအနီးက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေပါတယ်။

ပေါက်တော်ပြင်ကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၁၉၊ ဇွန် ၄ ရက်နေ့က တွေ့ရစဉ် Photo: Khin Saw Wai

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ထဲက ဆင်သေရွာအနီးမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ ရဲ့တိုက်ပွဲတွေကြောင့် ဆင်သေရွာကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင် နှစ်ထောင်ကျော် ရှိနေပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေးအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေအတွက် ကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က ဆင်သေရွာအနီးမှာဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် ထွက်ပြေးလာကြတဲ့ စစ်ဘေးရှောင် တွေဟာ ပုဏ္ဏားကျွန်းမြို့နယ် ပိုးရွီပြင်ကျေးရွာဘုန်းကြီးကျောင်းနဲ့ ပေါက်တောပြင်ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေကြရတာဖြစ်ပါတယ်။

ပိုးရွီပြင်ကျေးရွာက ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင် နှစ်ထောင်ကျော်ရှိနေပြီး စားနပ်ရိက္ခာ၊ ခြင် ထောင်၊ စောင်တွေအပြင် လူဦးရေများတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေပါ လိုအပ်နေတာ ကို တွေ့ရတယ်လို့ သင်္ဂဟကမ်းလက်အဖွဲ့က ကိုအမ်းသားကြီးက ပြောပါတယ်။

ဒါ့အပြင် ထွက်ပြေးလာသူတွေထဲမှာ ကျောင်းတက်နေတဲ့ ကလေးတွေလည်းပါတဲ့အတွက် ကလေး တွေရဲ့ ပညာရေးအတွက်လည်း အခက်အခဲဖြစ်နေတယ်လို့ ဆိုပါတယ်။

(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org