နိုင်ငံရေးအကျဉ်းသားစာရင်း ပြန်စိစစ်နေ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ဟာ အင်န်အယ်လ်ဒီ စာရင်းအရ ၆၀၀ နီးပါးရှိနေပြီး ပိုမိုတိကျအောင် ပြန်လည်စိစစ်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က ပြန်လည် လွတ်မြောက်မှု တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ ရုံးချုပ်တွင် ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၄ ရက် က ကျင်းပနေစဉ်။ ဓါတ်ပုံ - RFA RFA

အာရ်အက်ဖ်အေက အပတ်စဉ်ထုတ်လွှင့်နေတဲ့ လူထုနဲ့ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တစ်ဦးရဲ့ မေးခွန်းကို ဖြေကြားရာမှာ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက ထုတ်ပြန်တဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းတွေ တစ်ခုနဲ့တစ်ခု အရေအတွက် ကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောဆိုလိုက်တာပါ။

တစ်ဆက်တည်းမှာပဲ တခြားမေးခွန်းတစ်ခုကို ဖြေကြားရာမှာ ပါတီဝင်ဟောင်းတွေကို ဘယ်လိုမူချ ပြန်လည် စိစစ်လက်ခံမယ်ဆိုတာ အင်န်အယ်လ်ဒီက မကြာခင် ကြေညာချက် ထုတ်ပြန်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org