ရန်ကုန်မြို့လယ်ဆန္ဒပြပွဲ ရဲနဲ့ စွမ်းအားရှင်တွေ အကြမ်းဖက် ဖြိုခွင်း

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က သပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုတွေမလုပ်ဖို့ ရန်ကုန်မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆို ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်တွေ က အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။

ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ နေရာယူထားတဲ့ စွမ်းအားရှင် နဲ့ ရဲတွေကို မတ်လ ၅ ရက်နေ့က တွေ့ရစဉ် Photo: Kyaw Lwin Oo, Thiha Tun/RFA

ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့က သပိတ် စစ်ကြောင်းကို အကြမ်းဖက်ဖြိုခွဲမှုတွေမလုပ်ဖို့ ရန်ကုန်မြို့တော်ခန်းမအနီးမှာ ဆန္ဒပြတောင်းဆို ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေကို ရဲတပ်ဖွဲ့နဲ့ စွမ်းအားရှင်တွေက အကြမ်းဖက်ဖြိုခွင်းလိုက်ပါတယ်။

ဒီနေ့ညနေမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စွမ်းအားရှင်တွေရောက် လာပြီး ရိုက်နှက်ခေါ်ဆောင်သွားတာလို့ ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်ခံရသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမျိုးသန့်က သူ့ကိုကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ ပြောပါတယ်။

"ကျနော်တို့ရှေ့ကနေပြီးတော့ တခြားလူတွေ ဝင်ပြီးတော့ အန္တရာယ်မပြုရအောင် လက်ချင်းချိတ် ပြီးကာထားတဲ့အချိန်မှာ စွမ်းအားရှင်တွေက တာဝန်ဆိုတဲ့လက်ပတ်နဲ့ ဝင်လာပြီးတော့ရိုက်တယ်၊ အရိုက်ခံရပြီးတဲ့နောက်ပိုင်းမှာ တခါနည်းနည်းပြန်အေး သွားပြီးတော့ ရဲကဝင်လာရိုက်တယ်"

ကိုမျိုးသန့်ပါသွားတဲ့ကားပေါ်မှာ စုစုပေါင်း ၈ ယောက်လောက်ပါပြီး တခြားဒိုင်နာကားတွေနဲ့ ခေါ်ဆောင်သွား တာတွေလည်းရှိပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရသူတွေထဲမှာ ၈၈မျိုးဆက် ပွင့်လင်းလူ့အဖဲ့ွအစည်းက မနီလာသိန်း၊ ကိုမျိုးသန့်နဲ့ မနုနုအောင်တို့လည်း ပါဝင်ပါတယ်။

ဒီအကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်လို့ RFA သတင်းထောက် ကိုကျော်လွင်ဦး တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ရိုက်နှက်ခေါ်ဆောင်ဖမ်းဆီခံရသူ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမျိုးသန့်ကို RFA သတင်းထောက် မစန်းမော်အောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org