ဘင်္ဂလားဒေ့ရှ်ကိုပို့မယ့် မူးယစ်ဆေးပြား ၂ သောင်း စစ်တွေမှာဖမ်းမိ

ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ် မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော် လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့က မော်တော်ဆိပ်မှာ မောင်တောနယ်စပ်ဘက်ကို ထွက်ခွာမယ့် ရွှေနဒီ အမြန်ရေယဉ်ပေါ်မှာ WY နဲ့ R စာတန်းနှစ်မျိုးပါ စိတ်ကြွရူးသွပ်ဆေးပြားပေါင်း နှစ်သောင်း၊ ကာလတန်ဖိုး သိန်း ၆၀၀ လောက်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံ ရဲအရာရှိတစ်ဦးက RFA ကို ပြောပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်မှာ နေထိုင်တဲ့ ရခိုင်အမျိုးသားတစ်ဦး သယ်ယူလာတဲ့ ခရီးဆောင်ကျောပိုးအိတ်ကို ရှာဖွေခဲ့ရာကနေ ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း အဲဒီရဲအရာရှိက ဆိုပါတယ်။

ဒါ့အပြင် အဲဒီမူးယစ်ဆေးဝါးကိစ္စနဲ့ ဆက်စပ်နေတဲ့ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့ခံတစ်ဦးကိုလည်း စစ်တွေမြို့ ရွှေသဇင်ဟိုတယ်ကနေ ဖမ်းဆီးခဲ့ပြီး တရားခံတွေရဲ့ ထွက်ဆိုချက်တွေအရ အဲဒီမူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် တောင်ကြီးမြို့ကနေတစ်ဆင့် သယ်ယူလာခဲ့တာဖြစ်ကြောင်း ဒေသခံရဲအရာရှိတွေ က ပြောကြပါတယ်။

မူးယစ်ဆေးဝါးတွေဟာ ရခိုင်ပြည်နယ်ကိုဖြတ်ပြီး မောင်တောနယ်စပ်ကနေတစ်ဆင့် တစ်ဘက်ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို သယ်ယူရောင်းချမှုတွေရှိနေတာကြောင့် မြန်မာအစိုးရ အဆင့်ဆင့်အနေနဲ့ ထိထိရောက်ရောက်တားဆီးပေးဖို့ ဘင်္ဂလားဒေ့ရ်ှ နယ်စပ်တာဝန်ရှိသူတွေက မြန်မာနယ်စပ်တာဝန်ရှိသူတွေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၄ ရက်နေ့က မောင်တောမြို့မှာပြုလုပ်တဲ့ နှစ်နိုင်ငံအလံတင် အစည်းအဝေးမှာ ဆွေးနွေးတိုက်တွန်းထားတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org