မန္တလေးနန်းတွင်း စစ်အကျဉ်းထောင် က နောက်တစ်ဦး ဖမ်းမိ
မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်မှာ တာဝန်ကျအစောင့်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ တပ်မတော်သား အကျဉ်းသား ၈ ဦး ထဲက နောက်ထပ် ၁ ဦးကို ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
-
2015-02-04 -
-
-
မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်မှာ တာဝန်ကျ အစောင့်ကို သတ်ဖြတ်ပြီး ထွက်ပြေးသွားတဲ့ တပ်မတော် သား အကျဉ်းသား ၈ ဦးထဲက နောက်ထပ် ၁ ဦးကို ရှမ်းပြည်နယ် တန့်ယန်းမြို့မှာ ဖမ်းဆီးရမိတယ်လို့ ရဲတပ်ဖွဲ့ က ပြောပါတယ်။
တရားခံတစ်ဦးကို တန့်ယန်းမြို့အထွက်မှာ ဖမ်းမိခဲ့တာဖြစ် တယ်လို့ ရှမ်းပြည်နယ် လားရှိုးမြို့ရဲမှူး ဦးမျိုးထွန်းဦး က ပြောပါတယ်။
"၂ ရက်နေ့ကဖမ်းမိတာ တန့်ယန်းနဲ့ ဟိုဖက်ကိုသွား တဲ့ ဂိတ်မှာပေါ့၊ အဲ့ချိန်မှာ တက်လာတဲ့အချိန်မှာ တပ်ကလဲသတင်းရထားတယ်ထင်ပါတယ်၊ သူ့ကို အဲ့မှာ ဖမ်းမိတာ"
ထွက်ပြေးသူ ၈ ဦးထဲက ၂ ဦးကို ဇန်နဝါရီလ ၂၉ ရက်နေ့က ရွှေဘိုမြို့မှာ ဖမ်းဆီးရ မိခဲ့ရာ အခုချိန်ထိ ဖမ်းမိသူ ၃ ဦး ရှိသွားပြီဖြစ်ပါတယ်။
မန္တလေးနန်းတွင်းမှာ အခြေစိုက်တဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တပ်တွင်းအကျဉ်းထောင်က အကျဉ်းသား ရှစ်ဦး ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အစောင့် တပ်ကြပ်ကိုသတ်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့တာဖြစ်ပါတယ်။