MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်

၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ဒီကနေ့ မနက်ပိုင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF အဖွဲ့ဝင်အင်အား ၅၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။

ဖွဲ့စည်းပုံဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးဖို့ ဆန္ဒပြတဲ့ MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ် ကို ၂၀၁၉ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ် Photo: Thant Zin Oo/RFA

၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ပြည်ထဲရေးဝန်ကြီး နုတ်ထွက်ပေးရေးအတွက် ဒီကနေ့မနက်ပိုင်းက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု အင်အားစုကော်မတီ MDCF အဖွဲ့ဝင်အင်အား ၅၀ ခန့် ဆန္ဒပြခဲ့ကြပါတယ်။

ဦးဆောင်ဆန္ဒပြတဲ့ MDCF အဖွဲ့ဝင် ကိုကျော်ဇင်လတ်ကို ရဲတပ်ဖွဲ့က ညှိနှိုင်းမယ်ဆိုပြီး ရဲအချုပ်ကားနဲ့ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

MDCF အဖွဲ့ဝင်တွေက ရန်ကင်းမြို့နယ် တရားရုံးရှေ့မှာ ဆန္ဒပြဖို့ ရန်ကင်းမြို့နယ် ရဲစခန်းကို ခွင့်ပြုဖို့ အကြောင်း ကြားပေမယ့် ရဲစခန်းကဟစ်တိုင်မှာသာ ဆန္ဒပြဖို့ ပြန်လည်အကြောင်းကြားထားတယ်လို့ သိရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လူဦးရေ ၆ သန်းကျော်ကို မဲစာရင်းလိမ်လည်လှည့်ဖျားပြီး အတည်ပြုပြဌာန်းထား တာဖြစ်လို့ အခုလို ဆန္ဒပြတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေအနေနဲ့လည်း ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀ ကို ချိုးဖောက်ခြင်းကြောင့် နုတ်ထွက်ပေးဖို့ ဆန္ဒပြရတာဖြစ်တယ်လို့ MDCF အဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီကနေ့မှာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ ခ နဲ့ တရားစွဲဆိုခံထားကတဲ့ MDCF အင်အားစုခေါင်းဆောင် ကိုထင်ကျော်ကို ရန်ကင်းမြို့နယ်တရားရုံးမှာ ၁၃ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးမယ့်နေ့ဖြစ်ပါတယ်။

ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀ က ဖမ်းဆီးတဲ့အခါမှာ ဖမ်းဆီးခံရသူက အသာတကြည် ဖမ်းဆီးခံရင် လိုအပ်သည်ထက် ပိုမိုတင်းကြပ်စွာ ချုပ်နှောင်မထားရလို့ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org