တပ်မတော်ကို ICC တင်ဖို့ ဆန္ဒပြတောင်းဆိုသူ ပုဒ်မ ၂ ခုနဲ့ အမှုဖွင့်ခံရ


2018.09.30
tinmaungkyi-mdcf-622.jpg ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့က တစ်ကိုယ်တော် ဆန္ဒပြခဲ့တဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ်
Photo: Htet Arkar/RFA

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တပ်မတော်ကို အရေးယူဖို့ ဆန္ဒပြခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားသူများ အင်အားစု (MDCF) က ဗဟိုကော်မတီဝင် ဦးတင်မောင်ကြည်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၂၀ တို့နဲ့ တရားစွဲဆိုလိုက်ပါတယ်။

ကိုတင်မောင်ကြည်ဟာ စက်တင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအရှေ့မှာ တပ်မတော်ကို အရေးယူဖို့ တစ်ကိုယ်တော် ဆန္ဒပြခဲ့တာဖြစ်ပြီး သူ့ကို မနက်ဖြန် အောက်တိုဘာ ၁ ရက်နေ့မှာ ကျောက်တံတား မြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

ကိုထင်ကျော် ဦးဆောင်တဲ့ MDCF အဖွဲ့ဟာ တပ်မတော်ကို မြန်မာနိုင်ငံရေးကနေထွက်သွားဖို့နဲ့ တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ စစ်ဆေးဖို့ စဉ်ဆက်မပြတ် တောင်းဆိုနေတဲ့အဖွဲ့ဖြစ် ပါတယ်။

MDCF အဖွဲ့မှာ ပါဝင်သူအားလုံးရဲ့ ကိုယ်ရေးရာဇဝင်တွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မနေ့ကစပြီး တောင်းခံနေတယ်လို့လည်း သိရပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။