ဒေါ်အောင်ဆန်းစုကြည်ကို သနားစာနာတယ်လို့ သမ္မတ ဒူတာတေး ပြော

ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဆူညံ ပွက်လောရိုက်သံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးတို့ ၂ဝ၁၇ ခုနှစ် မတ်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဧည့်ခန်းမဆောင်မှာ တွေ့ဆုံစဉ် Photo: Myanmar State Counsellor Office/ Facebook

ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ မြန်မာအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်အပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ ဆူညံပွက်လောရိုက်သံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့လို့ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောလိုက်ပါတယ်။

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်ဆိုတာကတဘက်၊ တိုင်းပြည် ဗရုတ်ဗရက်ဖြစ်နေတာကတဘက်နဲ့ ကြားညှပ်နေဟန်တူပြီး၊ အကြီးအကျယ် ဝေဖန်ခံနေရတယ်၊ ဒါကြောင့် သူ့ကို ကျနော် သိပ်သနားတယ်လို့ ဒူတာတေးက သူ့မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ နယူးဒေလီမြို့မှာ ကျင်းပတဲ့ အိန္ဒိယ-ဖိလစ်ပိုင် စီးပွားရေးဖိုရမ်မှာ ပြောလိုက်တာပါ။ အဲဒီဖိုရမ်ကို ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေပါတယ်။

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေး စီမံချက်အတွင်း လူ ၄ ထောင်နီးပါး အသတ်ခံရတာနဲ့ ပတ်သက်လို့ သမ္မတဒူတာတေးဟာလည်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချတာခံနေရသူ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org