ဖားကန့်မှာ တောင်ကမ်းပါယံပြိုကျမှု သေဆုံးသူ ၂၀ အထိရှိနေ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်း တောင်ကမ်းပါးယံ မြေစာပုံ ပြိုကျခဲ့တဲ့ အတွက် သေဆုံးသူ စုစုပေါင်း ၂၀ ဦးအထိ ရှိနေပြီလို့ အဲဒီနေရာမှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဖားကန့်မြို့နယ် ရဲမှူး သန်းဝင်းက RFA ကို ပြောပါတယ်။
-
2019-07-30 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်း တောင်ကမ်းပါးယံ မြေစာပုံ ပြိုကျခဲ့တဲ့အတွက် သေဆုံးသူ စုစုပေါင်း ၂၀ ဦးအထိ ရှိနေပြီလို့ အဲဒီနေရာမှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဖားကန့် မြို့နယ် ရဲမှူး သန်းဝင်းက RFA ကို ပြောပါတယ်။
ဇူလိုင်လ ၂၈ ရက်နေ့က ဖားကန့်မြို့နယ် ဆိပ်မူအုပ်စု ကောင်းစံ၊ ကရင်ချောင်နဲ့ ချောင်းဖျားကျေးရွာနားက အမြင့်ပေ တစ်ထောင်လောက်ရှိတဲ့ ကျောက်စိမ်းတွင်း တောင်ကမ်းပါးယံ မြေစာပုံ ပြိုကျခဲ့တဲ့အတွက် ကျောက်မျက်တူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတွေ နဲ့ အဲ့ဒီအနီးနားမှာ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးခဲ့တာဖြစ်ပါတယ်။
ဒေသခံတွေကတော့ မြေစာပုံပြိုကျမှုမှာ ပျောက်ဆုံးသူ ၅၀ လောက်ရှိတယ်လို့ ဆိုကြပါတယ်။
မြေစာပုံပြိုကျမှုဖြစ်စဉ်မှာ ရဲတပ်ဖွဲ့ဝင် ၅ ဦးပျောက်ဆုံးခဲ့တဲ့ထဲက နှစ်ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပြီး သုံးဦးကတော့ သေဆုံးသွားတဲ့ ရုပ်အလောင်းကို ရှာဖွေတွေရှိခဲ့တယ်လို့ ရဲမှူးသန်းဝင်းကပြောပါတယ်။
ဒါ့အပြင် မီးသတ်တပ်ဖွဲ့ ၊ လူမှုကူညီရေးအသင်းတွေနဲ့ အင်အားထပ်တိုးပြီး ကယ်ဆယ်ရေးလုပ်ငန်း တွေကို ဆက်လက် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
ဖားကန့်ဒေသမှာ မြေပြိုကျမှုဖြစ်စဉ်တွေ နှစ်စဉ် ဖြစ်ပွားနေပြီး လူထိခိုက်သေဆုံးမှု အများဆုံးကတော့ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့ညက မှော်ဝမ်းကြီးအနီးမှာရှိတဲ့ ကျောက်စိမ်း လုပ်ကွက် ကျင်းဟောင်း နွံကန်ပေါက်ကျတာကြောင့် ကျောက်တူးဖော်ရေးလုပ်သား ၅၄ ဦး ထိခိုက်သေဆုံးခဲ့တာပဲဖြစ်ပါတယ်။
ကချင်ပြည်နယ်အစိုးရကတော့ ဖားကန့်ဒေသမှာ မြေပြိုကျနိုင်တဲ့ အန္တရာယ်ရှိနေရာ ၆ ခု ကို သတ်မှတ်လိုက်ပြီး အဲဒီနေရာတွေမှာ ရေမဆေးကျောက်မရှာဖွေဖို့ကိုလည်း တားမြစ်ထားပါတယ်။
ဖားကန့်မြို့နယ်မှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဇူလိုင်လ ၁ ရက်နေ့ကနေ စက်တင်ဘာလကုန်ထိ ရပ်နားထားဖို့လည်း သဝံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု အဆင့်က ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။
(RFA သတင်းထောက် မသက်စုအောင် ပေးပို့သည်)