ဖားကန့်အရေး ပြည်ထောင်စုအဆင့် ဆွေးနွေးမည်
ကချင်ပြည်နယ် ဖားကန့်ဒေသက ရေမဆေးသမားတွေအရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီး မှုတွေကို ဖြေရှင်းဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၃ ဦးနဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
-
2018-10-28 -
-
-
ကချင်ပြည်နယ် ဖားကန့်ဒေသက ရေမဆေးသမားတွေအရေးနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ဖြေရှင်းဖို့ အတွက် ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၃ ဦးနဲ့ ပြည်ထောင်စုအဆင့် တာဝန်ရှိသူတွေ ဆွေးနွေးပွဲ ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင်၊ ပြည်နယ် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးHလအောင် နဲ့ ပြည်နယ် ဘဏ္ဍာအခွန် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဦးဝေလင်း တို့ဟာ လာမယ့် အောက်တိုဘာလ ၃၀ ရက်နေ့မှာ နေပြည်တော်မှာ ပြည်ထောင်စုအဆင့် တာဝန်ရှိ သူတွေနဲ့ ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဥရုချောင်းကိစ္စနဲ့ ကျောက်လုပ်ကွက်တွေကြောင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေကို ထိန်းသိမ်းဖို့ကိစ္စအပြင် ရေမဆေးသမားတွေအပါအဝင် ဖားကန့်ဒေသက ရွှေ့ပြောင်းလုပ်သားတွေ ပြန်လည်ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးHလအောင် က RFA ကို ပြောပါတယ်။
ဖားကန့်ဒေသမှာ မိုးတွင်းကာလဆိုရင် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေ၊ ကျောက်လုပ်ကွက် ပြိုကျမှုတွေကြောင့် လူသေဆုံးမှုတွေ မကြာခဏရှိနေတာဖြစ်ပါတယ်။