ငရုတ်သီးမှုန့်နဲ့ အရောင်တင် မှုန့်တွေကို ပြန်လည်သိမ်းဆည်း ရမည်
ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ် သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသဲကင် ဆာရောဂါကိုဖြစ်ပွားစေတဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဈေးကွက် ထဲက ကုန်ပစ္စည်းတွေကို တစ်ပတ်အတွင်း သိမ်းဆည်းဖို့နဲ့ ထပ်မံတွေ့ရှိရင် အရေးယူသွားမယ် လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါးကွပ် ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောပါတယ်။
-
2016-11-12 -
-
-
ဈေးကွက်အတွင်း ရောင်းချနေတဲ့ ငရုတ်သီးမှုန့်နဲ့ အရောင်တင်မှုန့်တွေမှာ အသဲကင်ဆာရောဂါကို ဖြစ်ပွားစေတဲ့ Aflatoxin နဲ့ ဆိုးဆေးတွေ ပါဝင်ကြောင်း စစ်ဆေးတွေ့ရှိထားတဲ့အတွက် ဈေးကွက်ထဲက ကုန်ပစ္စည်းတွေကို တပတ်အတွင်း သိမ်းဆည်းဖို့ နဲ့ ထပ်မံတွေ့ရှိရင် အရေးယူသွားမယ်လို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောပါတယ်။
ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်တွေ ဖြန့်ဖြူးရောင်းချနေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ဒီကနေ့ ရန်ကုန်မြို့ ဒဂုံမြို့နယ်က အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှာ တွေ့ဆုံစဉ် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောတာဖြစ်ပါတယ်။
"ကျနော်ဈေးကွက်ထဲမှာ တွေ့ရင်ဥပဒေအရအရေးယူမယ်၊ တာဝန်ရှိသူအဆင့်ဆင့်ကို ကျနော်အကြောင်း ကြားပြီးတော့ ဥပဒေတိုင်းအရေးယူမယ်"
စက်ရုံမှာရှိတဲ့ ထုတ်လုပ်ပြီး ငရုတ်သီးမှုန့်တွေနဲ့ သိုလှောင်ထားတဲ့ ပစ္စည်းတွေကိုလည်း စစ်ဆေးသွားမယ် လို့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ်က ပြောပါတယ်။
အစည်းအဝေးကို အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်းနဲ့ ပြည်နယ် အသီးသီးက ငရုတ်သီးမှုန့် အရောင်တင်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ တက်ရောက် ခဲ့ကြပြီး ရန်ကုန်မြို့အတွင်းက လုပ်ငန်းရှင် ၉ ဦးသာ တက်ရောက်ခဲ့ကြပါတယ်။