သံချပ်အဖွဲ့ကို တရားစွဲထားတဲ့အမှု တပ်မတော်ဘက်ကို မေ ၁၃ ရက်စတင်စစ်ဆေးမည်

တပ်မတော်က ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးအမှုမှာ တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို မေလ ၁၃ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူ၊ ကိုဖိုးသား၊ ကိုပိုင်ဖြိုးမင်းနဲ့ မကေခိုင်ထွန်း တို့ကို ၂၀၁၉၊ ဧပြီ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် တရားရုံးမှာ တွေ့ရစဉ် Photo: Kyaw Zaw Win/ RFA

တပ်မတော်က ပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ငါးဦးအမှုမှာ တရားလိုဖြစ်တဲ့ တပ်မတော်ဘက်ကို မေလ ၁၃ ရက်နေ့မှာ စတင်စစ်ဆေးမယ်လို့ သိရပါတယ်။

တရားစွဲခံရပြီး ဖမ်းဆီးခံထားရတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်တွေကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ရုံးထုတ်ရာမှာ ဒီကနေ့ ရုံးချိန်းခေါ်ယူခဲ့ပြီး မေလ ၁၃ ရက်နေ့မှာ တရားလိုဘက်ကို စတင်စစ်ဆေးဖို့ နောက်တကြိမ် ချိန်းဆိုလိုက်တာလို့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင်တွေက ပြောပါတယ်။

တရားလိုဖြစ်တဲ့ ဗိုလ်မှူးသန်းထွန်းမြင့်က ဥပဒေအတိုင်းသာ ဆောင်ရွက်မှာဖြစ်ပြီး ဥပဒေအထက်မှာ ဘယ်သူ့မှ ရှိနေလို့ မရဘူးလို့ ဒီနေ့တရားရုံးချိန်းမှာ ပြောခဲ့ပါတယ်။

သြင်္ကန်အတွင်းမှာ သံချပ်ထိုးဖျော်ဖြေခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် ငါးဦးကို တပ်မတော်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅ဝ၅ (က) နဲ့ တရားစွဲထားတာဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ရဲ့ သံချပ်စာသားတွေနဲ့ သရုပ်ပြကွက်တွေဟာ တပ်မတော်ဂုဏ်သိက္ခာ ညိုးနွမ်းစေတယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး သန်းထွန်းမြင့်က မရမ်းကုန်းမြို့နယ် တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပါတယ်။

(RFA သတင်းထောက် ကျော်ဇောဝင်း ပေးပို့သည်)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org