ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု လုံခြုံရေးကောင်စီမှာ ဆွေးနွေးမည်
ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဧပြီ ၁၃ ရက်မှာလုပ်မယ့် ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ လုံခြုံရေးကောင်စီရဲ့ သတင်းတွေကို ဖော်ပြတဲ့ SCR မှာ ဖော်ပြထားပါတယ်။
- 2023-04-13
-
-
-
ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒီနေ့ ဧပြီလ ၁၃ ရက်မှာ ပြုလုပ်မယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆွေးနွေးသွားမယ်လို့ လုံခြုံရေးကောင်စီရဲ့ သတင်းတွေကို ဖော်ပြတဲ့ SCR မှာ သတင်းဖော်ပြထားပါတယ်။
ပဇီကြီးရွာ တိုက်ခိုက်မှုအကြောင်း ဆွေးနွေးမယ့် အစီအစဉ်ကို ဗြိတိန်နိုင်ငံရဲ့ တောင်းဆို ချက်အရ ထည့်သွင်းလိုက်တာလို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ ထုတ်ပြန်မယ့် ကြေညာချက် မူကြမ်းမှာ ဒီတိုက်ခိုက် မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ပြောဆိုထားပါတယ်။
စစ်ကောင်စီ တိုက်ခိုက်မှုအတွက် တာဝန်ယူမှုရှိဖို့နဲ့ အကြမ်းဖက်တိုက်ခိုက်မှုအားလုံးကို ရပ်တန့်ဖို့၊ လူသားချင်းစာနာမှု အကူအညီတွေ ဖွင့်ပေးဖို့ နဲ့လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့အကြောင်း ပါရှိပါတယ်။
ဒီ ကြေညာချက်မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင်အများစုက ထောက်ခံပေမယ့် ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မျက်မြင်သက်သေတွေ၊ သတင်းမီဒီယာတွေရဲ့ ဖော်ပြ ချက်တွေဟာ မြန်မာစစ်တပ်ဘက်က ပေးပို့ထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေ တယ်ဆိုပြီး တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်ဖို့ ကြိုးစားနေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။