ရခိုင်ပြည်နယ် ပေါက်တောမြို့မှာ ICRC ကို ကန့်ကွက်ဆန္ဒပြ

ရခိုင်ပြည်နယ်မှာ လူမှုရေးအကူ အညီတွေပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ မြို့ပေါ်ကိုမလာရောက်ဖို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံတစ်ရာနီးပါးလောက် မနေ့က ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်မှာ လူမှုရေးအကူအညီတွေပေးနေတဲ့ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ မြို့ပေါ်ကိုမလာရောက်ဖို့ ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ မြို့ခံတစ်ရာနီးပါးလောက် မနေ့က ကန့်ကွက်တောင်းဆိုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လက ပေါက်တောမြို့နယ် ဆင်အိုင်ကျေးရွာမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခမှာ အိုင်စီအာစီအဖွဲ့ဟာ မွတ်စလင်တွေကိုသာ အကူအညီပေးခဲ့တာကြောင့် အခုလိုကန့်ကွက်ရတာလို့ မနေ့က ကန့်ကွက်ရာမှာပါဝင်ခဲ့တဲ့ ပေါက်တောမြို့ခံ ဦးမောင်ကျော်ဝင်း က RFA ကို ပြောပါတယ်။

“ကူညီမှုက ကုလားကိုကျရင် အကုန်ပေးတယ်ဗျာ၊ ရခိုင်ကိုကျတော့ ဆေးရုံတို့ ကျောင်းတို့မှာ နည်းနည်းဟန်ပြလုပ်ပြီးတော့ ကုလားကိုပဲပေးတယ်၊ အဲဒါကို လူတွေကသိနေကြပြီ၊ အဲဒီအပေါ်မှာ ICRC လို့ စကားလုံးကိုကြားတာနဲ့ မိန်းမ၊ ယောကျ်ားမကျန် အကုန်လုံးထွက်ပြီးတော့ ICRC Go Out ဆိုပြီးတော့ လုပ်ကြတယ်”

ပေါက်တောမြို့ခံတွေဟာ ICRC အပေါ် အယုံအကြည်နည်းနေတာကြောင့် ICRC အဖွဲ့  မြို့ကိုမလာကြဖို့ ကန့်ကွက်တားမြစ်ခဲ့ကြတာလို့ မြို့ခံတွေဘက်က ပြောပါတယ်။ နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC အဖွဲ့ဟာ ပေါက်တောမြို့ဆေးရုံမှာ ရေနဲ့မီးစနစ် ကောင်းမွန်ရေးအတွက် အကူအညီပေးဖို့ မနေ့က ပေါက်တောကို ရောက်ရှိခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့အခြေစိုက် နိုင်ငံတကာ ကြက်ခြေနီကော်မတီ ICRC ရခိုင်ပြည်နယ်ရုံးကို  RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ပြည်နယ်ရုံးတာဝန်ရှိသူတွေက သူတို့အနေနဲ့ ဒီကိစ္စအပေါ် တာဝန်ယူပြောဆိုခွင့်မရှိကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org