ကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး စစ်တွေ သွားမည်

အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Patrick Murphy ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာမှာဖြစ်ပြီး ရခိုင်ပြည်နယ် ကိုလည်း သွားရောက်မှာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Patrick Murphy ကို တွေ့ရစဉ် Photo: U.S Embass By UN Yarta

အမေရိကန်နိုင်ငံရဲ့ အရှေ့တောင်အာရှရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Patrick Murphy ဟာ စက်တင်ဘာလ ၁၈ ရက်နေ့မှာ မြန်မာနိုင်ငံကိုရောက်လာမှာဖြစ်ပြီး ရခိုင်ပြည်နယ်ကိုလည်း သွားရောက်မှာဖြစ် ပါတယ်။

စစ်တွေမြို့ကိုတော့ လာမယ့်သီတင်းပတ်ထဲ ရောက်မှာဖြစ်တယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

"သူ့ရဲ့မောင်တောခရီးစဉ်တော့ မသိပါဘူး၊ လာတာတော့ စစ်တွေတော့ လာမှာပေါ၊့ မောင်တောခရီးစဉ် ကတော့ ကျနော်တို့ မသိဘူး၊ သူကသံတမန်ဆိုတော့ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ပဲ ဆိုင်တယ်လေ၊ အပေါ်ကနေ သွားခွင့်ပြုတယ်ဆိုရင်တော့ ကျနော်တို့က ဆက်သွားခွင့်ပြုရမှာပေါ့"

စက်တင်ဘာလ ၁၉ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာမှာ ကျင်းပမယ့် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြားမယ့် နိုင်ငံတော်အခြေပြု မိန့်ခွန်းကိုလည်း တက်ရောက်မှာဖြစ်ပါတယ်။

သူရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်မှာတော့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့ တွေ့ဆုံမှာဖြစ်သလို ရခိုင်ပြည်နယ်ထဲက နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။

စစ်တွေမြို့က မွတ်ဆလင်လူမှုအဖွ့ဲအစည်းတွေနဲ့လည်း တွေ့ဆုံမှာဖြစ်သလို ဒုက္ခသည်စခန်းတွေကို လည်းသွားရောက်ကြည့်ရှုမယ်လို့ သိရပါတယ်။

CNN သတင်းမှာ ဖော်ပြထားချက်အရတော့ ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ပတ်သက်ပြီး မောင်တောဒေသကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနိုင်ရေးအတွက် မြန်မာအစိုးရနဲ့ ဆွေးနွေးမယ်လို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org