စစ်အစိုးရ သြဇာခံမဟုတ်ကြောင်း တစည ပါတီ ငြင်းဆို

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီဟာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ခဲ့တဲ့ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကို အမွေဆက်ခံ ထူထောင်ထားတဲ့ ပါတီ ဖြစ်ပေမဲ့ လက်ရှိ စစ်အစိုးရ ရဲ့ သြဇာခံမဟုတ်ဘူးလို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက RFA ကို ပြောပါတယ်။

၂၀၁၀ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရက ၂၀ဝ၈ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မမျှော်လင့်ပဲ ကြေညာလိုက်သည့် သတင်းကို လမ်းဘေး စာနယ်ဇင်းဆိုင်တခုတွင် ဖတ်ရှုနေသည့် သံဃာတပါး ဖြစ်ပါသည်။ (Photo: AFP) AFP

ဒါ့ပြင် အများက ထင်မြင် ယူဆနေကြသလို တစည ပါတီဟာ လက်ရှိ စစ်အစိုးရ ထူထောင်ထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီရဲ့ လက်ဝေခံ မဟာမိတ် ပါတီလည်း မဟုတ်ကြောင်း သူက ရှင်းလင်း ပြောကြားပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး (တစည) ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကို RFA  မှ ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org