လွှတ်တော်အမတ်နှင့် လယ်သမား ပြဿနာ ရေးသားသည့် နိုင်ငံရေးပါတီ သတိပေးခံရ

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်အမတ် ဇေကမ္ဘာဦးခင်ရွှေနဲ့ လယ်သမားတွေ ပြဿနာဖြစ်ရတဲ့ အကြောင်းရင်း စာအုပ်ကို ထုတ်ဝေခဲ့တဲ့ မတူကွဲပြား ခြင်းနှင့် ငြိမ်းချမ်းရေးပါတီကို နောက်ထပ် အလားတူ ဆက်လက် မထုတ်ဝေဖို့ စာပေစိစစ်ရေးက မနေ့က ခေါ်ယူ သတိပေးခဲ့တယ်လို့သိရပါတယ်။

စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ AFP

စာပေစီစစ်ရေးက ညွန်ကြားရေးမှူး ဦးတင့်ဆွေက အခုလို ခေါ်ယူ ပြောကြားခဲ့တာလို့ ဦးနေမျိုးဝေက ပြောပါတယ်။

“ကျနော်တို့ လစဉ် ထုတ်နေတဲ့ ဒိုင်ဗာစတီ ရှိတယ်။ ဒါပေမယ့် အခု ကျနော်တို့က လစဉ် ထုတ်တဲ့အပြင် စာအုပ်မျက်နှာဖုံးမှာ ခေါင်းစဉ်က ဘာနဲ့ထုတ်ထားသလဲ ဆိုတော့ ‘မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီမှ ဖြန့်ဝေသော ဇေကမ္ဘာကုမ္ပဏီနှင့် ရွှေနံ့သာ လယ်သမားများ ပြဿနာ’ ပေါ့နော်။ ဒါက ဒိုင်ဗာစတီ စာစောင်လည်း မဟုတ်ဘူးပေါ့၊ ဘာစောင်လဲပေါ့ အဓိပ္ပါယ်က။ တားမြစ်တဲ့သဘောမျိုး ဆံတယ်လို့လည်း ပြောလို့ရတယ်”

ဒီစာအုပ်ဟာ စက်မှုဇုံ တည်ထောင်ဖို့အတွက် မင်္ဂလာဒုံ ရွှေနံ့သာကျေးရွာက လယ်သမားတွေရဲ့ လယ်မြေတွေကို ဇေကမ္ဘာကုမ္ပဏီက သိမ်းရာမှာ အငြင်းပွားမှု ဖြစ်နေတဲ့အကြောင်းကို ရေးသားထားတာပါ။

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ သက်ဆိုင်ရာကို စာရွက်စာတမ်း ထုတ်ဝေခွင့် ကျပ်ငွေ ၆ သိန်း ပေးသွင်းပြီး တရားဝင်ပါတီ စာစောင်ထုတ်ဝေခွင့် ရရှိထားတဲ့ ပါတီလည်း ဖြစ်တယ်လို့ ပါတီဝင်တဦး ဖြစ်တဲ့ ဦးတင်မောင်အေးက ပြောပါတယ်။

ဒီစာအုပ်ကို ပြီးခဲ့တဲ ဇွန်လကုန်ပိုင်းက ထုတ်ဝေခဲ့ပြီး စာမျက်နှာ ၄ဝ ပါရှိပါတယ်။ ပါတီရဲ့ အင်တာနက် စာမျက်နှာမှာလည်း အဲဒီစာအုပ်ကို ဖတ်ရှုနိုင်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org