ပန်ဒါစက်ရုံအလုပ်သမားတွေ မန္တလေးမှာ လှည့်လည်ဆန္ဒပြ

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ မှာ အလုပ်ရှင် အလုပ်သမားပြဿနာကို တိုင်းအစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းပေးပေမယ့် ပြေလည်မှု မရှိတာကြောင့် ဒီနေ့ မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

ပန်ဒါစက်ရုံအလုပ်သမားတွေ ဇန်နဝါရီလ ၂၂ ရက်နေ့က မန္တလေးမှာ လှည့်လည်ဆန္ဒပြစဉ် Photo: Hset Paing Toe/ RFA

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ပလိပ်မြို့က ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံမှာ အလုပ်ရှင် အလုပ်သမားပြဿနာကို တိုင်းအစိုးရအဖွဲ့က ကြားဝင်ဖြေရှင်းပေးပေမယ့် ပြေလည်မှုမရှိတာကြောင့် ဒီနေ့ မန္တလေးမြို့ပေါ်မှာ ဆိုင်ကယ်တွေနဲ့ လှည့်လည်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးတိုင်းအစိုးရအဖွဲ့က ညှိနှိုင်းရေးအဖွဲ့ ဖွဲ့စည်းပြီး ကြားဝင်ဖြေရှင်းပေးနေပေမယ့် အခုချိန်ထိ ပြေလည်မှုမရရှိသေးတဲ့အတွက် စက်ရုံရှေ့မှာ သပိတ်စခန်း ဖွင့်ဆန္ဒပြနေဆဲဖြစ်တယ်လို့လည်း ဆန္ဒပြသူတွေက ေြပာပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က အလုပ်ရှင်၊ အလုပ်သမားနဲ့ အစိုးရတို့ သုံးပွင့်ဆိုင် သဘောတူညီချက်အရ ပလိပ်မြို့ ပန်ဒါချည်မျှင်နဲ့ အထည်စက်ရုံ အဝင်ဝမှာ ထိုင်သပိတ် ဆင်နွှဲနေကြတဲ့ စက်ရုံလုပ်သား ၆၄၄ ဦးစလုံးကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ အစမ်းခန့်ကာလ ၃ လ အနေနဲ့ စက်ရုံကပြန်လည်ခန့် ထားပေးဖို့ သဘောတူညီခဲ့ကြပြီးဖြစ်ပါတယ်။

ဒါပေမယ့် စက်ရုံဘက်က လုပ်သား ၆၄၀ ကိုသာ လက်ခံမှာဖြစ်ပြီး သပိတ်ခေါင်းဆောင် ၄ ဦးကို ချန်ထားခဲ့တဲ့အတွက် အခုချိန်ထိ ပြေလည်မှု မရရှိသေးတာဖြစ်တယ်လို့ စက်ရုံလုပ်သားတွေက ပြောပါတယ်။

ထိုင်သပိတ်ဆင်နွှဲနေကြတဲ့ ပန်ဒါစက်ရုံလုပ်သားတွေဟာ စက်မှုဝန်ကြီးဌာနရဲ့ အစိုးရဝန်ထမ်းဟောင်း တွေဖြစ်ပြီး သူတို့တွေကို ၂၀၁၃ ခုနှစ်က အစိုးရပင်စင် စားဘဝနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေအဖြစ် Panda Textile ကုမ္ပဏီကို လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေဟာ မန္တလေးမြို့ ပြည်သူ့ဟစ်တိုင်ကွင်းမှာ သူတို့ရဲ့ တောင်းဆိုချက်တွေကို ဟောပြောခဲ့ကြပြီး ဆိုင်ကယ်တွေနဲ့ မြို့တစ်ပတ်လှည့်လည်ခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org