မြန်မာနိုင်ငံမှာ စားအုန်းဆီတင်သွင်းနိုင်ဖို့ ကုမ္ပဏီတွေကြိုးစားနေ

မြန်မာနိုင်ငံမှာ လွယ်လွယ်ကူကူ ဝယ်ယူစားသောက်နိုင်တဲ့ fast food လုပ်ငန်းတွေ တိုးတက် များပြား လာတာနဲ့အမျှ စားအုန်းဆီလိုအပ်မှု များလာပြီး အာရှဒေသတွင်း ဆီအုန်းထုတ်လုပ် သူတွေက မြန်မာနိုင်ငံမှာ လိုသလို တင်ပို့ခွင့်ရဖို့ ကြိုးစားလာနေကြတယ်လို့ ဒီနေ့ထုတ် Bloomberg သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဆီအုန်းစိုက်ပျိုးထားတဲ့ ခြံတစ်ခြံကို တွေ့ရစဉ် Photo: naw pe tha law

မြန်မာနိုင်ငံမှာ လွယ်လွယ်ကူကူ ဝယ်ယူစားသောက်နိုင်တဲ့ fast food လုပ်ငန်းတွေ တိုးတက်များပြား လာတာနဲ့အမျှ စားအုန်းဆီလိုအပ်မှု များလာပြီး အာရှဒေသတွင်း ဆီအုန်းထုတ်လုပ်သူတွေက မြန်မာနိုင်ငံမှာ လိုသလို တင်ပို့ခွင့်ရဖို့ ကြိုးစားလာနေကြတယ်လို့ ဒီနေ့ထုတ် Bloomberg သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ ဆီအုန်းတင်သွင်းမှုဟာ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း မက်ထရစ်တန် ၇ သိန်းခွဲအထိ ရှိခဲ့တယ်လို့ အမေရိကန် စိုက်ပျိုးရေးဌာန စာရင်းတွေက ဆိုပါတယ်။ ၂ဝ၁၁ ခုနှစ်မတိုင်ခင်က တစ်နှစ်ကို တန်ချိန် ၂ သိန်းကနေ ၃ သိန်းအထိ သာ တင်သွင်းခွင့်ရှိခဲ့ရာက အခုလို တိုးတက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ KFC ကြက်သားကြော်လုပ်ငန်း၊ Pizza Hut နဲ့ Burger King လို အမေရိကန် အမြန်စားကုန်ဆိုင်တွေ နေရာယူလာသလို ဒီလုပ်ငန်းတွေမှာ သုံးတဲ့ စားအုန်းဆီအခြေခံ အကြော်ဆီတွေလည်း သုံးစွဲမှုပိုများလာခဲ့ပါတယ်။

ဆီအုန်းကထုတ်တဲ့ စားအုန်းဆီ ၈၅ ရာခိုင်နှုန်းဟာ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက ထုတ်လုပ်တာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org