ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နှစ်ဖွဲ့ခွဲထွက်

ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်သွားမယ်လို့လည်း RFA ကို ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLO/PNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့က တွေ့ရစဉ်။ Pa-O People’s Aid

ဒီရက်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) အတွင်း နှစ်ဖွဲ့သီးခြား ရပ်တည်သွားမယ်လို့ နှစ်ဖက်ကြေညာချက်ထုတ်ပြန်ပါတယ်။

PNLO/PNLA နာယက ဖြစ်တဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အတိုင်း ဆက်သွားမယ်လို့လည်း RFA ကို ပြောပါတယ်။

“စစ်အာဏာရှင် ဆန့်ကျင်တဲ့ အဖွဲ့ကနေ ကျွန်တော် မပါတော့ဘူး။ ဘယ်သူ့မှ ဘယ်သူ့ကို ခွဲထွက်တာ မဟုတ်ဘူး။ နှစ်ခြမ်းဖြစ်သွားတာပါ”

PNLO/PNLA နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်ရှိ ခွန်သူရိန် ဦးဆောင်တဲ့ (PNLO-ခွဲထွက်) အဖွဲ့ကနေ အပြီးပိုင် နှုတ်ထွက်လိုကြောင်း စက်တင်ဘာ (၁၀) ရက်နေ့က ကြေညာချက်မှာ ရေးသားထားပါတယ်။

ခွန်သူရိန် ဦးဆောင်တဲ့ PNLO အအနေနဲ့ ၂၀၂၄ ခုနှစ် ဇန်ဝါရီ (၂၁) ရက်က စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခ ဖြစ်ပွားတဲ့ အချိန်ကစပြီး NCA အကောင်အထည်ဖော်မှုလုပ်ငန်း ရပ်ဆိုင်းသွားပြီလို့ စက်တင်ဘာ (၁၃) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ခွန်အောင်မန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

လက်ရှိကာလ စစ်ကောင်စီနဲ့ သွားရောက်တွေ့ဆုံတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်ဖွဲ့တွေနဲ့ 7 EAO Alliance တွေမှာ PNLO က ကိုယ်စားလှယ် ပေးပို့စေလွှတ်ထားတာ မရှိကြောင်းနဲ့ အဖွဲ့ချုပ်နဲ့ သက်ဆိုင်တဲ့ လုပ်ငန်းကိစ္စရပ်တွေကို တာဝန်ပေးအပ်ခံထားရတဲ့ ခေါင်းဆောင်ကြီး (၅) ဦးရဲ့ ဆုံးဖြတ်ချက်ကသာ အတည်ဖြစ်တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org