ရိုဟင်ဂျာ ကူညီရေး OIC အစ္စလာမ်နိုင်ငံတွေ ကော်မတီ ဖွဲ့စည်း

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာကဖိအားပေးရေး ဆော်သြ စည်းရုံးမယ့် လှုပ်ရှားမှုကော်မတီတရပ်ကို အစ္စလာမ်နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က ဖွဲ့စည်းလိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်စ်ဘဇား ဒုက္ခသည်စခန်းက မွတ်စလင်မိသားစုကို တွေ့ရစဉ် Photo: AFP

ရိုဟင်ဂျာ ဒုက္ခသည်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံကို ကမ္ဘာကဖိအားပေးရေး ဆော်သြစည်းရုံးမယ့် လှုပ်ရှား မှုကော်မတီတရပ်ကို အစ္စလာမ်နိုင်ငံခြားရေးဝန်ကြီးတွေက မနေ့က ဖွဲ့စည်းလိုက်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကားမြို့မှာ နှစ်ရက်ကြာကျင်းပတဲ့ OIC ခေါ် အစ္စလမ္မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံကို တက်ရောက်လာတဲ့ အဖွဲ့ဝင် ၅၃ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ သံတမန်တွေက အဲဒိကော်မတီကို ဖွဲ့စည်းလိုက်တာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေဆီ မြန်မာနိုင်ငံက မွတ်စလင်ရိုဟင်ဂျာ ၇ သိန်းလောက် ထွက်ပြေးလာရတဲ့ အကြောင်းရင်းကို အဆုံးသတ်ရေး ရှေးရှူဆောင်ရွက်ကြဖို့လည်း OIC အတွင်းရေးမှူးချုပ် Yousef bin Ahmed Al-Othaimeen က တိုက်တွန်းပါတယ်။

ရိုဟင်ဂျာ အသိုင်းအဝိုင်းပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် ဒီကော်မတီသစ်ဟာ နိုင်ငံတကာရဲ့ နိုင်ငံရေးအရ ပံ့ပိုးမှုနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org