တီမောသမ္မတနဲ့ NUG ဝန်ကြီးတွေ ကုလညီလာခံပြင်ပမှာတွေ့ဆုံ

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ဆွေးနွေးပွဲမှာ ပါဝင်ပါတယ်။

၂ဝ၂၃ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလညီလာခံပြင်ပတွင် တွေ့ဆုံခဲ့ကြသည့် တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) နှင့် ကုလဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း၊ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး။ RFA

၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်ဖို့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ကို ရောက်နေကြတဲ့ အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာ (Jose Ramos-Horta) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၁ ရက်နေ့ ဒေသစံတော်ချိန်ညနေပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ ဆွေးနွေးပွဲမှာ ပါဝင်ပါတယ်။

အရှေ့တီမောနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စတွေ၊ နိုင်ငံတကာ ထောက်ခံမှုရရှိရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ ဝန်ကြီးဒေါ်ဇင်မာအောင်က RFA ကိုပြောပါတယ်။

အရှေ့တီမောသမ္မတ ဟိုဆေး ရာမို့စ်ဟော်တာဟာ လက်ရှိကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံတွင်း ပြောကြားတဲ့ မိန့်ခွန်းထဲမှာလည်း မြန်မာ့အရေးကို အကျယ်တဝင့်ထည့်ပြောခဲ့ပါတယ်။

မြန်မာပြည်သူတွေကို နိုင်ငံတကာက ကူညီပေးဖို့လည်း ညီလာခံမှာ တိုက်တွန်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org