ASEAN ဆွေးနွေးပွဲ တက်ခွင့်ပြုဖို့ NUG အစိုးရ တောင်းဆို

မြန်မာနိုင်ငံက အကျပ်အတည်းအကြောင်း ဆွေးနွေးကြမယ့် အင်ဒိုနီးရှားနိုင်ငံက အာစီယံထိပ်သီး ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က တက်ရောက်ပြီး ပါဝင်ဆွေးနွေးခွင့်ပြုဖို့ အာစီယံခေါင်းဆောင်တွေကို NUG က မနေ့တုန်းကပဲ တိုက်တွန်းလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG အဖွဲ့ဝင်တွေကို တွေ့ရစဉ် .

မြန်မာနိုင်ငံက အကျပ်အတည်းအကြောင်း ဆွေးနွေးကြမယ့် အင်ဒိုနီးရှားနိုင်ငံက အာစီယံထိပ်သီး ဆွေးနွေးပွဲ မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်က တက်ရောက်ပြီး ပါဝင်ဆွေးနွေးခွင့်ပြုဖို့ အာစီယံခေါင်းဆောင် တွေကို NUG က မနေ့တုန်းကပဲ တိုက်တွန်းလိုက်တဲ့အကြောင်း AFP သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေကို အာဆီယံက ကူညီဖြေရှင်းပေးချင်တယ်ဆိုရင် NUG အစိုးရနဲ့ တိုင်ပင် ညှိနှိုင်းမှုတွေ မပါဘဲနဲ့ ဖြစ်နိုင်မှာမဟုတ်ဘူး၊ ဘာကြောင့်လဲဆိုတော့ NUG အစိုးရဟာ ပြည်သူ့ထောက်ခံမှု အပြည့်ရထားတဲ့ တရားဝင်အစိုးရ ဖြစ်တာကြောင့်လို့ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးရဲ့ VOA မြန်မာပိုင်းနဲ့ ပြောဆိုချက်ကို ကိုးကားပြီး AFP သတင်းမှာ ဖော်ပြထားပါတယ်။

လာမယ့် စနေနေ့ ဧပြီလ ၂၄ ရက် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့တော်မှာ ကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲကို NUG အစိုးရ တက်ခွင့် ရ၊ မရ ဆိုတာနဲ့ပတ်သက်ပြီး အာဆီယံဘက်က တုံ့ပြန်ချက် တစ်စုံတစ်ရာ မရှိသေးဘူးလို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံတကာ ဆက်ဆံရေး ကိုယ်စားလှယ် ဦးထင်လင်းအောင်က RFA ကို ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org