NUG ရေဒီယိုလိုင်း ထုတ်လွှင့်မည်
နေ့စဉ် မနက် ၈ နာရီနဲ့ ည ရှစ်နာရီတိုင်းမှာ မိနစ်သုံးဆယ်စာ အစီအစဉ်တွေ ထုတ်လွှင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
- 2021-08-18
-
-
-
တော်လှန်ရေးကာလ သတင်းအချက်အလက်တွေ ပြည်သူတွေ သိရှိနိုင်ဖို့ သီးသန့်ရေဒီယိုလိုင်း တစ်လိုင်းကို မကြာခင်လွှင့်တင်တော့မယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ကြေညာပါတယ်။
အာဏာသိမ်းစစ်ကောင်စီက သတင်းအမှောင်ချတဲ့အနေနဲ့ အင်တာနက်လိုင်းတွေ ထပ်မံဖြတ်တောက်လာရင် အင်တာနက်မလိုဘဲ ဖမ်းယူနားဆင်နိုင်တဲ့ ရေဒီယိုလိုင်းတွေကိုပဲ အဓိကအားထားပြီး ပြည်သူတွေဆီ သတင်းအချက်အလက်တွေ ပေးပို့နိုင်မှာမို့ အခုလို ရေဒီယိုလိုင်း တစ်လိုင်းဖြစ်လာရေး NUG က ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။
နေ့စဉ် မနက် ၈ နာရီနဲ့ ည ရှစ်နာရီတိုင်းမှာ မိနစ်သုံးဆယ်စာ အစီအစဉ်တွေ ထုတ်လွှင့်ဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
လာမယ့် ဩဂုတ်လ ၂၀ ရက်နေ့ကစပြီး လှိုင်းတိုမီတာ ၁၆/ မက်ဂါဟက်ဇ် ၁၇.၇၁ ကနေ အစမ်းထုတ်လွှင့်မှာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စစ်ကောင်စီကို စစ်ရေးနည်းနဲ့ အားလုံးစုပေါင်းပြီး တစ်ချိန်တည်း တပြိုင်တည်း ပြန်လည်တိုက်ခိုက််မယ့်ရက်ကိုလည်း မကြာမီကြေညာဖို့ရှိတယ်လို့ NUG က ပြောထားပါတယ်။
အဲ့ဒီအချိန်မှာ ပြည်တွင်းတိုက်ပွဲတွေ တပြိုင်နက်တည်း စတင်မှာဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပြင်ဆင်သင့်တာတွေ ကြိုတင်ပြင်ဆင်ထားကြဖို့လည်း ဒေသခံခုခံကာကွယ်ရေးတပ် PDF တွေက သတိပေးထားပါတယ်။