အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို NUG ခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အတွက် အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲစပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့မှာပဲ NUG က သတင်းထုတ်ပြန်ပါတယ်။

NUG ရဲ့ အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ခန့်အပ်ခဲ့တဲ့ ဦးဘိုလှတင့်ကို တွေ့ရစဥ် Photo: CJ
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲစပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့မှာပဲ NUG က သတင်းထုတ်ပြန်ပါတယ်။
 
အာဆီယံအဖွဲ့ကြီးနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ပိုမိုတိုးမြှင့်လုပ်ဆောင်နိုင်ဖို့ အခုလို ခန့်အပ်လိုက်တာလို့ NUG ရဲ့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
 
ဦးဘိုလှတင့်ဟာ ၁၉၉၀ ခုနှစ်က ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း ဦးဆောင်တဲ့ အမျိုးသားညီညွတ်ရေး ညွန့်ပေါင်းအစိုးရ (NCGUB) မှာ ဆောက်လုပ်ရေးဝန်ကြီး၊ သတ္တုတွင်းဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ကုလသမဂ္ဂ မြန်မာကိုယ်စားလှယ်အဖွဲ့မှာလည်း ပါဝင်ခဲ့ပါတယ်။
 
ဒါ့အပြင် NCGUB ရဲ့ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကိုလည်း ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။
 
မနက်ဖြန် အောက်တိုဘာ ၂၇ ရက်နေ့မှာကျင်းပမယ့် လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ (APHR) ရဲ့ မြန်မာနဲ့ အာဆီယံအကြောင်း သတင်းစာရှင်းလင်းပွဲမှာ ဦးဘိုလှတင့် ပါဝင်သွားဖို့ ရှိနေတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းကနေ သိရပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org