ကမ္ဘာ့အခြေအနေကို အစိုးရသစ် နားလည်ပေမဲ့ ပြောင်းလဲမှု မမြန်ဆန်နိုင်
သမ္မတ ဦးသိန်းစိန် အစိုးရအနေနဲ့ အရှေ့ အလယ်ပိုင်းနဲ့ အာဖရိက နိုင်ငံ တချို့က ဒီမိုကရေစီ တောင်းဆိုတဲ့ လူထု လှုပ်ရှား အုံကြွမှု အခြေအနေတွေကို နားလည် သိရှိပြီး ကဏ္ဍ အလိုက် ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာနေဇင်လတ်က ပြောပါတယ်။
-
2011-06-07 -
-
-
နေပြည်တော်တွင် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဦးသိန်းစိန် (အလယ်) ကို လွှတ်တော်ကိုယ်စားလှယ် တဦးက ချီးကျူးဂုဏ်ပြုနေပုံ ဖြစ်ပါသည်။ (Photo: AFP / MRTV)
(Photo: AFP / MRTV)
ကမ္ဘာ့နိုင်ငံ ၂ ရာကျော်ထဲက တနိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မို့ လိုက်ပါ ပြောင်းလဲရမယ်ဆိုတာ ကောင်းကောင်း နားလည်တဲ့အကြောင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူတွေကို ခေါ်ယူဖို့ လုပ်ဆောင်နေကြောင်း၊ ကဏ္ဍတိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲသွားဖို့ လုပ်ဆောင်နေကြောင်း ဒေါက်တာနေဇင်လတ်က RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း မြန်မာနိုင်ငံကို (၃) ရက်ကြာ လာရောက်ခဲ့တဲ့ အမေရိကန် ဆီးနိတ် အထက် လွှတ်တော်အမတ် ဂျွန်မက်ကိန်းက ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေ အချိန်မီ မလုပ်ဆောင်ဘူး ဆိုရင် အာရပ် ကမ္ဘာမှာ ဖြစ်ပွားနေတဲ့ လူထု အုံကြွမှုမျိုး မြန်မာနိုင်ငံမှာလည်း ပေါ်ပေါက် လာနိုင်တယ်လို့ မြန်မာ အစိုးရ ခေါင်းဆောင်တွေကို သတိပေး ပြောကြားခဲ့ပါတယ်။
သမ္မတရဲ့ နိုင်ငံရေး အကြံပေး ဒေါက်တာနေဇင်လတ် ကတော့ မြန်မာ အစိုးရ အနေနဲ့ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရာမှာ အချိန်ယူ ဆောင်ရွက်ရမှာ ဖြစ်တဲ့ အတွက် နှေးကွေးမှု ရှိနိုင်တယ်လို့ ပြောပါတယ်။
ဒါ့ပြင် မြန်မာ့ နိုင်ငံရေး၊ ဒီမိုကရေစီ ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ ဖော်ဆောင်မယ်ဆိုတဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းစဉ်၊ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိတဲ့ သဘောထားနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင်နိုင်မှု အခန်းကဏ္ဍ၊ အမေရိကန် ဆီးနိတ် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ပြောကြားခဲ့တဲ့ သဘောထား မှတ်ချက် စတဲ့ မြန်မာ့ နိုင်ငံရေး နောက်ဆုံး အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံရေး အကြံပေးပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |