၄ ပွင့်ဆိုင်ဆွေးနွေးရေး အတွက် ကျောင်းသားတွေ ကြိုတင်ညှိနှိုင်း

မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာရေး ဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးတချို့နဲ့ တွေ့ဆုံဆွေးနွေးတဲ့ သပိတ်မှောက်ကျောင်း သားခေါင်းဆောင်တွေကို တွေ့ရစဉ် Photo: Myo Thant/RFA

မနက်ဖြန်မှာ ပြုလုပ်မယ့် ပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲအတွက် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် အဖွဲ့ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့မှာ အကြိုတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုထားတဲ့အချက် ၁၁ ချက်ကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ဆွေးနွေးပွဲမှာပါဝင်တဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်က ပြောပါတယ်။

"အဓိကကတော့ ကျမတို့ NNER နဲ့ ကျမတို့နဲ့ဆွေးနွေးမယ့် ဒီအချက် ၁၁ ချက်အပေါ်မှာ မူတည်ပြီးတော့ ကျမတို့ ဘယ်လိုဆွေးနွေးမလဲဆိုတာရယ်၊ နောက်ကျမတို့ ပြန်ပြီးတော့ အပြန်လှန်ညှိနှိုင်းတာပေါ့နော်၊ ဒီအချက် ၁၁ ချက်မှာ ဘယ်လိုကျမတို့ဆွေးနွေးကြမလဲဆိုတာ ပြန်လည်ညှိနှိုင်းတဲ့သဘောမျိုးပါရှင့်"

အဲဒီ ၁၁ ချက်လုံးကို အစိုးရဘက်က သဘောမတူရင် ဆက်လက်သပိတ်မှောက် ဆန္ဒပြသွားမယ်လို့လည်း မဖြိုးဖြိုးအောင်က ပြောပါတယ်။

အစိုးရ၊ လွှတ်တော်၊ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်တွေနဲ့ NNER အဖွဲ့ဝင်တွေ ရန်ကုန်မြို့မှာ မနက်ဖြန် တွေ့ဆုံဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် မဖြိုးဖြိုးအောင်ကို RFA သတင်းထောက် ကိုအောင်ကိုကို ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

တဆက်တည်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကို RFA အဖွဲ့သူ မသင်းသီရီ ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org