စစ်တပ်နဲ့ဆွေးနွေးဖို့ ကိုယ်စားလှယ်ခန့်ထားတာ မရှိကြောင်း NLD ကြေညာ

အာဏာသိမ်းစစ်ကောင်စီ အပါအဝင် စစ်တပ်ကဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်ခန့်အပ်ထားတာ တစ်ဦးတစ်ယောက်မျှ မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက မေလ ၁ ရက်နေ့၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကိုခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က တွေ့ရစဉ်။ Photo-Reuters

အာဏာသိမ်းစစ်ကောင်စီ အပါအဝင် စစ်တပ်ကဖွဲ့စည်းထားတဲ့ ဘယ်အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ဆွေးနွေးတာ၊ ညှိနှိုင်းတာတွေ ဆောင်ရွက်ဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ကိုယ်စားလှယ်ခန့်အပ်ထားတာ တစ်ဦးတစ်ယောက်မျှ မရှိဘူးလို့ NLD ဗဟိုအလုပ်ကော်မတီက မေလ ၁ ရက်နေ့၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင်ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအားလုံး လွတ်လပ်တဲ့စုံညီအစည်းအဝေး မကျင်းပနိုင်သေးတဲ့ အချိန်အတွင်း စစ်တပ်နဲ့ ညှိနှိုင်းဖို့ ပါတီကိုယ်စားပြု ခန့်အပ်တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်း၊သံရုံးတွေနဲ့ဆက်သွယ်ဖို့ NLD ပါတီအမည်ကို အလွဲသုံးစားပြုပြီး ချိတ်ဆက်ဆောင်ရွက်နေတာ တွေရှိခဲ့မယ်ဆိုရင်လည်း ပါတီနဲ့လုံးဝမသက်ဆိုင်ဘူးလို့ အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ အပါအဝင်ဗဟိုကော်မတီဝင်တွေကို ဖမ်းဆီးပြီး ပုဒ်မမျိုးစုံနဲ့ စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုတာနဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်ထားပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLD ပါတီဝင် ၈၃၂ ဦး ဖမ်းဆီးခံခဲ့ရပြီး တချို့ကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဆက်လက်ထိန်းသိမ်းထားသူ ၆၄၅ ဦးကျန်ရှိနေတယ်လို့ NLD က မတ်လအလယ်ပိုင်းက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org